ပရိတ်သတ်ကြီးရေ....ကလေးသရုပ်ဆောင်ဘဝတည်းက အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးလက်ခံတဲ့မင်းသမီးချောလေး ဝါဆိုမိုးဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ကျစ်လျစ်လှပပြီး ပြည့်တင်းလှပတဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး ပုရိသတွေသာမကမိန်းကလေးချင်းပါကြွေရတဲ့မင်းသမီးချောလေးဖြစ်ပါတယ်။ ဝါဆိုမိုးဦးဟာ Snareအဖွဲ့၀င်အဆိုတော်ဖြိုးလေးနဲ့လည်း ကြည်နူးသာယာစရာrelationshipတစ်ခုကိုတည်ထောင်ထားတာဖြစ်ပါတယ်။

Photo credit-Warso Moe Oo's Facebook acc
Photo credit-Warso Moe Oo's Facebook acc

ဝါဆိုမိုးဦးနဲ့ဖြိုးလေးဟာ အချိန်တွေအကြာကြီးလက်တွဲလာခဲ့ကြတဲ့ချစ်သူစုံတွဲလေးဖြစ်ကြပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုပေးကြပြီး ရှေ့သွားနောက်လိုက်ညီတဲ့သူလေးတွေပါနော်။ ပြီးခဲ့တဲ့ဇူလိုင်လ ၂၇ရက်နေ့လေးကတော့ ဆိုဆိုရဲ့ အသက်၂၆နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။ သူမရဲ့မွေးနေ့လေးကို မိသားစုမိတ်ဆွေတွေနဲ့အတူ ပျော်ပျော်ပါးပါးကြီးကျင်းပခဲ့တာပါ။

Photo credit-Warso Moe Oo's Facebook acc
Photo credit-Warso Moe Oo's Facebook acc

ဝါဆိုရဲ့ချစ်သူဖြိုးလေးဟာလည်း ဆိုဆိုလေးရဲ့မွေးနေ့လေးမှာ စပရိုက်လေးလုပ်ပေးပြီး တန်ဖိုးကြီးအိတ်လေးနဲ့ အိတ်လေးနဲ့ပုံစံတူကိတ်လေးကိုပါ လက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီအကြောင်းလေးကို ဆိုဆိုဟာ သူမရဲ့ Facebook စာမျက်နှာတွင် "ကိတ်နဲ့ အိတ်လေးဆင်တူချစ်ဆုံးပေးတဲ့ birthday presentကျေးဇူးပါကို Phyo Layy ကိုယ်အရမ်းကြိုက်လို့ အရမ်းပျော် BALENCIAGA" ဆိုပြီးရေးသားလာပါတယ်။ ကဲ....ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Warso Moe Oo's Facebook acc
Photo credit-Warso Moe Oo's Facebook acc

Source-Warso Moe Oo's Facebook acc

Photo credit-Warso Moe Oo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။