ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး ဝါဆိုမိုးဦး ကတော့ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သူလေးပဲဖြစ်ပါတယ်။ ဝါဆိုမိုးဦး ကတော့ ဗီဒီယိုဇာတ်ကားတွေကိုများစွာ ပါဝင်သရုပ်ဆောင်ထားပြီး ကြော်ငြာတွေနဲ့ Photo Shooting တွေကိုလည်း ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဝါဆိုမိုးဦး ဟာ အဆိုတော် ဖြိုးလေးနဲ့ အတူ အရမ်းကြည်နူးစရာကောင်းလောက်လွန်းတဲ့ ချစ်သူဘဝလေးကို ပိုင်ဆိုင်လက်တွဲထားတဲ့ အားကျစရာအတွဲလေးပါနော်..။



ချစ်သူနှစ်ယောက်ကတော့ မကြာခဏဆိုသလို အပန်းဖြေခရီးတွေဆက်တိုက်ထွက်နေတတ်သလို သူတို့ ရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အမြဲမျှဝေပေးတာ တွေ့ရပါတယ်။ မင်းသမီးချေားလေး ဝါဆိုမိုးဦး က ဇူလိုင်လ (၂၇) ရက်နေ့ သူမရဲ့ အသက် ၂၆ နှစ်ပြည့် မွေးနေ့လေးဖြစ်ပြီး သူမရဲ့ မွေးနေ့လေး ညပိုင်းမှာတော့ birthday မိသားစု dinner လေးကိုကျင်းပခဲ့ပါတယ်။ ယခုမှာတော့ ဝါဆိုမိုးဦး က သူမရဲ့ birthday မိသားစု dinnerလေးကျင်းပခဲ့တဲ့ အမှတ်တရ ပုံရိပ်လေးတွေ နဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။



ဒီပုံရိပ်လေးတွေထဲမှာတော့ အနုပညာမောင်နှမတွေအပြင် ၊ သူငယ်ချင်းတွေနဲ့ မိသားစုတွေအားလုံး ပျော်ပျော်ပါးပါး မွေးနေ့ dinner လေးကိုကျင်းပ ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မွေးနေ့ dinner ပွဲလေးကို လာတဲ့ မိတ်ဆွေ ၊ သူငယ်ချင်းတွေနဲ့လည်း အမှတ်တရ ဓါတ်ပုံလေးတွေ ရိုက်ခဲ့တာကိုတွေ့ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး ဝါဆိုမိုးဦး ရဲ့ အသက် ၂၆ နှစ်မွေးနေ့ dinner ပွဲလေးရဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ အမှတ်တရ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးကို ပြန်ဖော်ပြပေးလိုက်ပါတယ်။
Photo & Video Credit - Warso Moe Oo 's facebook Account
Source -Warso Moe Oo 's facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။