ပရိသတ်ကြီးရေ.. ဂီတပိုင်းမှာရော သရုပ်ဆောင်ပိုင်းတွေမှာပါ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသလို ဒါရိုက်တာအဖြစ်လည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီး အောင်မြင်နေသူကတော့ ယုန်လေးပဲ ဖြစ်ပါတယ်နော်..။
ဆယ်စုနှစ်တွေကတည်း ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိခဲ့ပြီး ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေ ဆက်လက်လုပ်ဆောင်နေစဲဖြစ်တဲ့ ယုန်လေးကတော့ စေတနာကောင်းကောင်းနဲ့ လှူဒါန်းမှုတွေ ပြုလုပ်သလို အရည်အချင်းရှိပေမယ့် ချို့တဲ့ကာ အခက်အခဲအမျိုးမျိုး ကြုံတွေ့နေကြရတဲ့ လူငယ်တွေကိုလည်း ဖေးမကူညီမှုတွေနဲ့ မြေတောင်မြှောက်ပေးနေတာကိုလည်း ပရိသတ်တွေ တွေ့မြင်ရမှာပါနော်..။


လူတိုင်းအပေါ်စေတနာကောင်းကောင်းထားပြီး မကြာခဏ လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ ယုန်လေးကတော့ အခုဆိုရင် သူ့ရဲ့ စေတနာလေးတွေက ရောင်ပြန်ဟက်ပြီး ပရိသတ်တွေရဲ့မေတ္တာတွေနဲ့ အားပေးမှုတွေကို တနေ့ထက်တနေ့ ပိုပိုပြီး ရရှိလာသလို အခုတစ်ခါမှာလည်း တန်ဖိုးကြီး I Phone 11 တစ်လုံး ကိုလည်း လက်ဆောင်ရရှိခဲ့ပြန်ပါတယ်နော်..။
i Phone လက်ဆောင်လေးကိုတော့ တချိန်က နှုတ်ခမ်းနီမလေးတွေကြား သည်းသည်းလှုပ် ရေပန်းစားခဲ့တဲ့ အဆိုတော်သရုပ်ဆောင် မင်းသားချော ဟက်ကက်ဆီက ရရှိခဲ့တာ ဖြစ်ပြီး နိုင်ငံခြားမှာနေတဲ့ ဟက်ကက်ရဲ့ ညီနှစ်ယောက်က ယုန်လေးအတွက် လက်ဆောင်အဖြစ် ပေးပို့လိုက်တာပဲ ဖြစ်ပါတယ်..။


ယုန်လေးကတော့ သူ့ကိုချစ်ပြီး သူကချစ်ရတဲ့ လူတွေဆီက အခုလိုမျှော်လင့်မထားတဲ့ I Phone လက်ဆောင်လေးရရှိလို့ ဝမ်းသာနေပြီး “ကို ဟက်ကက် ဖုန်းဆက်တာ လွန်ခဲ့တဲ့ ၁လ ထဲက
ကျွန်တော့်ကို ချစ်တဲ့ ခင်တဲ့ နိုင်ငံခြားက .
ကိုဟက်ကက် ညီ ၂ယောက်
လက်ဆောင်ပို့လိုက်လို့ဆိုတော့ . ဟုတ်ကဲ့ ကျေးဇူးပါပေါ့ .
အကျီတို့ ဘာတို့ပဲ ထင်တာ .
ဒီနေ့ မှ လာပေးတော့မှ I Ph .
ကျွန်တော် မကိုင်တက်တာနဲ့တော့ တွေ့ပြီ
ကျေးဇူးပါ ကိုဟက်ကက် . ကိုဆူရယ် နဲ့ အစ်ကို..” ဆိုပြီး သူ့ရဲ့ အပျော်လေးတွေကို အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။
အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကလည်း စနောက်ကာ စကားလေးတွေနေကြသလို ပရိသတ်တွေကလည်း ချစ်ခင်အားပေးနေကြတဲ့ အကြောင်းလေးတွေကိုလည်း ပြောပြထားကြပါတယ်နော်..။


Source & Photo Credit - Yone Lay’s Fb Account & Saw Hackett’s Fb Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။