ပရိသတ်အချစ်တော် မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ သရုပ်ဆောင်ကောင်းကာ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်ရင်ထဲနေရာယူထားသူပဲ ဖြစ်ပါတယ်..။
ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးထားပြီး ကြော်ငြာတွေလည်း ရိုက်ကူးကာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ သူမကတော့ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်..။


ချစ်စရာပုံရိပ်လေးတွေနဲ့ အမြဲဖမ်းစားတတ်တဲ့ သံသာမိုးသိမ့်ကတော့ Tik Tok တွေလည်း မကြာခဏဆော့ကစားကာ အခုတစ်ခါမှာလည်း ချစ်စရာကောင်းစွာ ဆော့ကစားထားတဲ့ သူမရဲ့ Tik Tok လေးကို ဝေမျှထားပယတယ်နော်..။
အပြင်ထွက်ဖို့ သူငယ်ချင်းကို လျို့ဝှက်ပြီး လြေဟန်လက်ဟန်လေးတွေနဲ့ ပြောနေတဲ့ ပုံစံလေး သရုပ်ဆောင်ဆော့ကစားထားတဲ့ သံသာမိုးသိမ့်ရဲ့ Tik Tok ဗီဒီယိုလေးကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။


"ရှိတယ် ရှိတယ်.. အပြင်ထွက်ကဲပါမယ်ဆိုမှ..
လူကြီးတွေရှေ့နားမလည် လည်အောင်ရှင်းပြရတဲ့..
သူငယ်ချင်းမျိုး ရှိကိုရှိတယ်.." ဆိုပြီး ဆော့ကစားထားတဲ့ သူမရဲ့ Tik Tok ဗီဒီယိုလေးကို မျှဝေထားတာ ဖြစ်ပါတယ်..။
ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ဆော့ကစားထားတဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်ရဲ့ Tik Tok ဗီဒီယိုလေးကိုလည်း ပရိသတ်တွေ သဘောကျနေကြပြန်ပါတယ်နော်..။


Source & Photo Credit - Than Thar Moe Theint's Fb Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။