ပရိသတ်ကြီးရေ Rapအဆိုတော် စန္ဒီမြင့်လွင်ကတော့ ဂီတလောကမှာ နေရာတစ်ခုကို အခိုင်အမာစိုက်ထူထားနိုင်တဲ့ သူတစ်ယောက်ပါ။ သူမရဲ့ တေးသီချင်းတွေက ဆယ်ကျော်သက် လူငယ်တွေကြား ရေပန်းစားအောင်မြင်နေတာကိုလည်း တွေ့ရပါတယ်။ စန္ဒီမြင့်လွင်က အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို သိပ့်မလုပ်ဖြစ်တော့ပဲ ရပ်နားထားတာပါနော်။ ပရိသတ်တွေကတော့ ယနေ့တိုင် အားပေးမှုတွေ မြင့်တက်နေဆဲပဲ ဖြစ်ပါတယ် ။

Photo credit - Sandy Myint Lwin's FB account
Photo credit - Sandy Myint Lwin's FB account

စန္ဒီမြင့်လွင်က သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ချစ်ရတဲ့ ခင်ပွန်းသည်နဲ့အတူ တည်ဆောက်ထားပြီး သူမနဲ့တူတဲ့ သမီးလေး Treasure လေးကိုလည်း မွေးဖွားထားပါသေးတယ် ။ Treasure လေးက ပါးဖောင်းဖောင်းလေးနဲ့ အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေပြီး အသက် ၁နှစ်ကျော်ရှိပြီလည်းဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က သမီးလေးရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင် လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ်။ 

Photo credit - Sandy Myint Lwin's FB account
Photo credit - Sandy Myint Lwin's FB account

ယနေ့မှာတော့ သမီးလေးTreasureလေးရဲ့ ဆံပင်ပထမဆုံး ညှပ်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလါတာပါ။ ဖေဖေ့လက်ပေါ်က မဆင်းပဲ ဆံပင်ညှပ်တာကို ဆူပုပ်ပုပ်လေးနဲ့ ငြိမ်ခံနေတဲ့ သမီးလေးကို မေမေ စန္ဒီမြင့်လွင်က စနောက် ချော့မြူနေကာ " ဒီနေ့ခင်လင်းထင်ပထမဆုံးဆံပင်ညှပ်တဲ့နေ့ မေမေဒီဒီငယ်ငယ်ထဲကညှပ်ပေးခဲ့တဲ့တီချယ်ကြီး ခုခင်လင်းထင်ကိုလဲညှပ်ပေးရပီ အမ်ပေါင်းတွေလဲရသေးတာဒီမေမေပဲသုံးလိုက်ပီနော် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်း Treasure လေးရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုပြီး အသည်းယားအချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Photo credit - Sandy Myint Lwin's FB account
Photo credit - Sandy Myint Lwin's FB account

Source & Photo credit - Sandy Myint Lwin's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။