တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ အရမ်းကို ရေပန်းစားနာမည်ကြီးနေသူကတော့ သရုပ်ဆောင် မင်းသားချောလေး နိုင်းနိုင်းပဲ ဖြစ်ပါတယ်။ သူဟာ သာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးကလည်း သူ့ရဲ့ မိသားစုဘဝလေးကို အားကျနေကြတာလည်း ဖြစ်ပါတယ်။



သူဟာ လက်ရှိမှာတော့ မိသားစုဝင်များရှိရာ နယူးယောက်မြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ကလေးတွေကလည်း လအတော်ကြာဝေးကွာနေရတဲ့ ဖခင်ဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံရတဲ့အတွက် အရမ်းကို ပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။



ဒါကတော့ မြက်ရိတ်စက်ကိုနောက်တွဲပြုလုပ်ကာသူ့ရဲ့ကလေးတွေကိုတင်ပြီး ခြံထဲမှာပတ်မောင်းနေတဲ့နိုင်းနိုင်းရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူကလည်း " မြက်ရိတ်စက်နဲ့ ရဲဘော်တွေတင်ပြီး ပတ်မောင်း... ဘယ်တော့ ရပ်ကွက်က တိုင်မလဲမသိဘူး
လမ်းထဲမှာ ဆူဆူညံဆိုရင်... ကိုယ်တွေ ရဲဘော်ပဲ
#Actor99 “ ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd- Actor99’s Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။