ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့ အဆိုတော် အာဘွိုင်းတို့ကတော့ အသည်းယားစရာ အရုပ်မလေးလို့ ထင်ရလောက်တဲ့ သမီးလေးကို ပိုင်ဆိုင်ထားကြတာပါ။ ပါးဖောင်းဖောင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ Scarlettလေးက အခုဆိုရင် အသက် ၁နှစ်ကျော်ရှိပြီလည်း ဖြစ်ပါတယ်။ ပြုလုပ်လိုက်တဲ့အမူအရာလေးတွေတိုင်းက မြင်ရသူတိုင်းရဲ့ မျက်လုံးထဲမှာ အသည်းယားစရာကောင်းလွန်းနေတဲ့ သမီးလေးက ဖေဖေ မေမေတို့ရဲ့ အသည်းကျော်လေးပါနော်...။ 

Photo credit - Kyaw Phyo Tun's FB account
Photo credit - Kyaw Phyo Tun's FB account

မေမေ မြတ်ရတနာကျော်ကလည်း အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်ဆိုင်းထားတာဖြစ်ပြီး ယခုလို သမီးလေးမွေးပြီးတဲ့အချိန်မှာ သမီးလေးကို သေချာပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။ သမီးလေးက သူမလို ချစ်စရာကောင်းတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး အသားလေးကလည်း ဖွေးဥပြီး ထိရက်စရာမရှိလောက်အောင် လှပလွန်းတာကြောင့် အာဘွိုင်းက ဇနီးနဲ့ သမီးလေးကို အချစ်ပိုနေတာပါနော်.။

Photo credit - Kyaw Phyo Tun's FB account
Photo credit - Kyaw Phyo Tun's FB account
Photo credit - Kyaw Phyo Tun's FB account

ယနေ့မှာလည်း အာဘွိုင်းက သူမရဲ့ သမီးလေး ပုံကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပိုစ့်တစ်ခုတင်ပေးလာတာပဲဖြစ်ပါတယ်။ အာဘွိုင်းက Scarlettလေးကို တစ်ဦးထဲသော နေရောင်ခြည်လေးလို့ ဆိုကာ သမီးလေးရဲ့ အသည်းယားစရာပုံရိပ်လေးတွေကို တင်ပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေကြည့်ရင်း အသည်းယား အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ပရိသတ်တွေလည်း Scarlettလေးရဲ့ ပုံလေးတွေကိုကြည့်ပြီး အသည်းလေးတွေပေးခဲ့ပါအုန်းနော်.....။

Photo credit - Kyaw Phyo Tun's FB account
Photo credit - Kyaw Phyo Tun's FB account
Photo credit - Kyaw Phyo Tun's FB account

Photo credit - Kyaw Phyo Tun's FB account

Source - Kyaw Phyo Tun's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။