မြန်မာ့ရုပ်ရှင်ရဲ့ သရုပ်ဆောင်လောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသမီးချောလေး အိချောပို ဟာဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်။ အိချောပို ကတော့ ကြော်ငြာတွေနဲ့ Photo Shooting တွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတဲ့သူပဲဖြစ်ပါတယ်။ သူမကတော့ စိတ်သဘောထားပြည့်ဝပြီး ချစ်စရာအပြုံးချိုချိုလေးတွေ နဲ့ တမှုထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးပါနော်..။

Photo - MR.HAW
Photo - MR.HAW

ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ဘယ်လိုဖက်ရှင်မျိုးတွေပဲဖြစ်ဖြစ် အထာကျကျ နဲ့ လိုက်ဖက်မှုရှိအောင် ဝတ်ဆင်တက်တာကြောင့် ပျိုမဒီလေးတွေ လေးစားအားကျနေတဲ့ သူပဲဖြစ်ပါတယ်။ ယခုမှာဆိုရင် ဓာတ်ပုံဆရာ Haw's facebook ကနေပြီးတော့ မင်းသမီးချောလေး အိချောပို ရဲ့ အလန်းစား ပုံရိပ်လေးတွေကို သူမရဲ့ ချစ်ပရိသတ်တွေအတွက် ဖော်ပြလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ အိချောပို ဆွဲဆောင်မှုရှိရှိ မတူတဲ့ အိုင်တင်လေးတွေနဲ့ အထာကျကျ ပို့စ်ပေးနေတာ ဖြစ်ပါတယ်။

Photo - MR.HAW
Photo - MR.HAW

ဒါ့အပြင် အိချောပို ဝတ်ဆင်ထားတဲ့ အသားကပ်ဝတ်စုံလေးကလည်း လိုက်ဖက်မှုရှိပြီး စွဲမက်စရာကောင်းလောက်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတရားတွေကို အထင်းသားပေါ်လွင်တာ တွေ့ရပါတယ်။ အိချောပိုလေး ရဲ့ ပင်ကိုယ်အလှတရားတွေကတော့ ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာလည်းကောင်းလောက်မှာပါ။ ကဲ..ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ အသည်းယားစရာကောင်းလောက်တဲ့ မင်းသမီးချောလေး အိချောပို ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo - MR.HAW

Source - Ei Chaw Bo's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။