လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစား အောင်မြင်နေတဲ့ အဆိုတော်မလေး ဝိုင်းလေးကတော့ လက်ရှိမှာတော့ ဂီတလမ်းကြောင်းမှာ လျှောက်လှမ်းနေသူတစ်ဦး ဖြစ်ပါတယ်။ " အိပ်မက်ဆုံရာ" သီချင်းဆိုပြိုင်ပွဲကြီးကနေ စတင်ပြီး လူသိများအောင်မြင်လာခဲ့တဲ့ ဝိုင်းလေးက အခုလက်ရှိမှာ သီချင်းအသစ်တွေ ဆက်တိုက်ထွက်ရှိထားတာ ဖြစ်ပါတယ်။ သူမရဲ့သီချင်းလေးတွေကလည်း နားဆင်သူတွေရဲ့ရင်ထဲအထိ ရောက်စေနိုင်ပါတယ်။

Photo credit - Wyne Lay's FB account

လက်ရှိမှာလည်း ဝိုင်းလေးက အနုပညာလှုပ်ရှားမှုအနေနဲ့ သီချင်းအသစ်ထွက်ရှိဖို့အတွက် ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှု ပုံရိပ်တိုင်းကို လူမှုကွန်ယက် စာမျက်နှာထက်မှာ ဖော်ပြပေးလေ့ရှိတဲ့ ဝိုင်းလေးက ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလါခဲ့ပါတယ်။ ဝိုင်းလေးက သူငယ်ချင်း အရင်းကြီးဖြစ်တဲ့ မင်းသမီးချော ခင်ဝင့်ဝါ နဲ့အတူ တွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။

Photo credit - Wyne Lay's FB account

အနုပညာနယ်ပယ် အသီးသီးမှာ အောင်မြင်မှုများစွာရရှိထားတဲ့ ဝိုင်းလေးနဲ့ ခင်ဝင့်ဝါက ယနေ့မှာတော့ ပေါ့ပါးသွက်လပ်တဲ့ဖက်ရှင်လေးတွေကို ဝတ်ဆင်ပြီး ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပါ။ သူငယ်ချင်းနှစ်ယောက်ရဲ့ အလန်းစားပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးတွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Wyne Lay's FB account
Photo credit - Wyne Lay's FB account

Photo credit - Wyne Lay's FB account 

Source  - Wyne Lay's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။