ချစ်ခင်ပွန်းအောင်သူနဲ့ချွတ်စွပ်တူတဲ့ သားချောလေးတစ်ယောက်ကို မွေးဖွားထားတဲ့ မေမေပိုးအိအိခန့်ကတော့ သားလေးကိုသာအချိန်ပြည့်ဂရုစိုက်ပေးနေတာကြောင့် အနုပညာအလုပ်တွေကိုတော့ ရပ်နားထားပါတယ်နော်။အောင်သူနဲ့ပိုးအိအိခန့်တို့ ဇနီးမောင်နှံနှစ်ယောက်လုံးကလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတာဖြစ်လို့ အခုသူတို့နှစ်ယောက်ရဲ့ မိသားစုဘဝလေးကိုလည်း အားကျနေကြတာဖြစ်ပါတယ်။
အောင်သူကလည်း တစ်ဦးတည်းသောသားလေးကိုအရမ်းချစ်ပြီး အားတဲ့အချိန်တိုင်းမှာ သားလေးကို ကူထိန်းပေးပါတယ်နော်။ပိုးအိအိခန့်ကလည်း သားလေးရဲ့ဝေယျာဝစ္စတွေကို ကိုယ်တိုင်လုပ်ဆောင်ပေးပြီး အသေးစိတ်ဂရုစိုက်ပေးတာဖြစ်ပါတယ်။ကိုကိုးလေးကလည်း ဖေဖေနဲ့မေမေတို့ရဲ့ ဂရုစိုက်မှုတွေကြောင့် ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာကာ အခုဆိုရင်(၁)နှစ်တောင်ပြည့်သွားပြီဖြစ်ပါတယ်။
ပိုးအိအိခန့်တို့ကတော့ သားသားလေးရဲ့(၁)နှစ်ပြည့် မွေးနေ့လေးကို အလှူအတန်းတွေလည်း လုပ်ပေးပြီး ပျော်ရွှင်စွာ ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ပိုးအိအိခန့်ကတော့ ချစ်ခင်ပွန်းအောင်သူရဲ့လက်ကို ဆုပ်ကိုင်ပြီး ဇနီးမောင်နှံနှစ်ယောက်တည်း တူယှဉ်တွဲကာ ဓာတ်ပုံရိုက်ထားတာဖြစ်ပါတယ်။လူရိုးကြီးအောင်သူနဲ့ပိုးအိအိခန့်တို့ရဲ့ လိုက်ဖက်ညီနေတဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Source&Photo Credit:Poe Ei Ei Khant's Facebook Account/Amazing Grace
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။