ပရိသတ်ကြီးရေ ဇာတ်ပို့ ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ ဂွမ်းပုံ ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်တွေ မဆိုသဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်မှုတွေကြောင့်လည်း အကယ်ဒမီဆုကိုထိုက်ထိုက်တန်တန် ရရှိခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အပြောအဆို အမူရာလေးတွေနဲ့ ကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ။

Photo Credit -Goon Sein
Photo Credit -Goon Sein

ပရိသတ်တွေ ချစ်ခင်အားပေးတဲ့ ဂွမ်းပုံ ကတော့ လတ်ရှိမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပိုပြီး ပါဝင်သရုပ်ဆောင်နေရာတာကိုတွေ့ရပါတယ်။ ဂွမ်းပုံ ကတော့ သာယာပျော်ရွှင်ပြီး ကြည်နူးစရာကောင်းလောက်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားသလို ဘာသာရေးကို အထူးကိုင်းရှိုင်းသူပါ။ ယခုမှာဆိုရင်တော့ ဂွမ်းပုံ က မတွေ့တာကြာပြီးဖြစ်တဲ့ အနုပညာရှင် မောင်နှမတွေနဲ့ အတူ တွေ့တုန်းဆုံခိုက်လေးမှာ အမှတ်တရ ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲံပါတယ်။

Photo Credit -Goon Sein
Photo Credit -Goon Sein

ဒီပုံလေးတွေထဲမှာတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေဖြစ်တဲ့ ဇော်ဝင်းနိုင် ၊ မျိုးမျိုးခိုင် တို့နဲ့ အတူ မောင်နှမတွေ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်တဲ့ တွေ့တုန်းလေးမှာ အမှတ်တရ ရိုက်ထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အချစ်တွေကို ကိုယ်စီ သိမ်းပိုက်ထားနိုင်တဲ့ ဂွမ်းပုံတို့ အနုပညာရှင်မောင်နှမတွေရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်တွေလည်း ချစ်အားပိုမယ်လို့ မျှော်လင့်မိပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ တွေ့တုန်းဆုံခိုက်လေးမှာ အမှတ်တရ ရိုက်ကူးထားတဲ့ ဂွမ်းပုံတို့ အနုပညာရှင် မောင်နှမ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Goon Sein

Source -Goon Sein 's facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။