ပရိတ်သတ်ကြီးရေ Beauty Bloggerတစ်ယောက်အနေနဲ့ ပရိတ်သတ်အားပေးမှုကိုစတင်ရရှိလာခဲ့ပြီး ယခုဆိုရင် ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ နေခြည်ဦးကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာ အောင်မြင်တဲ့social influencerတစ်ယောက်အနေနဲ့လည်း ရပ်တည်နေတာဖြစ်ပြီး နိုင်ငံတကာအနုပညာရှင်တွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်နေခြည်ဦးဟာ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူဖြစ်တာကြောင့် ပရိတ်သတ်အများစုရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရရှိထားတဲ့အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မှားမယ်မထင်ပါဘူးနော်။


နေခြည်ဦးပါ၀င်သရုပ်ဆောင်ထားတဲ့ ဧည့်သည်၊အခမ်းနားဆုံးမေတ္တာစတဲ့ ရုပ်ရှင်ကားကြီးတွေဟာဆိုရင်လည်း ပရိတ်သတ်အားပေး၀န်းရံမှုအပြည့်အ၀ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတွေဖြစ်ပါတယ်နော်။ ဒါ့ပြင်နေခြည်ဟာ အခုလက်ရှိကာလမှာဆိုရင်လည်း ခန္ဓာကိုယ်အတွက် workoutတွေကြိုးစားလုပ်နေတာဖြစ်ပြီး tik tokဗီဒီယိုလေးတွေကို မရိုးရအောင်ရိုက်တတ်သူလေးဖြစ်ပါတယ်နော်။


မကြာသေးမီကလည်း နေခြည်ဦးဟာသူမရဲ့ Facebookစာမျက်နှာတွင် ဘာမှမလိမ်းထားတဲ့ပင်ကိုယ်မျက်နှာလေးကနေ ခပ်မိုက်မိုက်ကောင်မလေးတစ်ယောက်အနေနဲ့ ပြောင်းလဲပြလိုက်တဲ့ tik tokဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Video Credit-Nay Chi Oo's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။