မင်းသမီးချောလေး နေခြည်ဦးကတော့ အခုနောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေကိုလည်း တစိုက်မက်မက်လုပ်ကိုင်လာပြီဖြစ်လို့ အလှအပကိုလည်း ခေါင်းအစခြေအဆုံးဂရုစိုက်ပါတယ်နော်။ပရိသတ်တွေက သူမကိုချီချီလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့သွက်လက်ပွင့်လင်းပုံလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိပုံလေးတွေကို ချစ်နေရတာဖြစ်ပါတယ်။နေခြည်ဦးက နှစ်အနည်းငယ်အတွင်းမှာ ကိုယ့်အားကိုယ်ကိုးပြီးတော့ အောင်မြင်မှုတွေကို အရယူထားနိုင်တာပဲဖြစ်ပါတယ်နော်။


မိန်းကလေးပရိသတ်အများအပြားရဲ့ချစ်ခင်မှုတွေကို ရရှိထားတဲ့ ချီချီက မိန်းကလေးပရိသတ်တွေအတွက်လည်း သူမရဲ့အလှအပရေးရာလျှို့ဝှက်ချက်လေးတွေကို အမြဲလိုလို မျှဝေပေးနေတာဖြစ်ပါတယ်။နေခြည်ဦးကလည်း တစ်နေ့တစ်ခြားပိုပိုလှလာပြီး သူမရဲ့ခန္ဓာကိုယ်လေးကလည်း မနက်တိုင်းလေ့ကျင့်ခန်းလုပ်လွန်းလို့ သွယ်လျလှပလာပါတယ်နော်။နေခြည်ဦးရဲ့စန်းကတော့ အရမ်းပွင့်ပြီး ပုရိသတွေသာမက မိန်းကလေးပရိသတ်တွေကပါ ဝက်ဝက်ကွဲအောင် အားပေးကြတာဖြစ်ပါတယ်။



နေခြည်ဦးကတော့ အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး Tiktok လေးတွေကိုလည်း ဟာသလေးတွေဖြစ်အောင် ကစားတတ်ပါသေးတယ်နော်။အခုဆိုရင်လည်း ချီချီက ရေမွှေးဆွတ်ရတာ အရမ်းကြိုက်နှစ်သက်ကြတဲ့ သူတွေအတွက် အခွီTiktok လေးကစားထားတာဖြစ်ပါတယ်။ချီချီလုပ်ပြနေတဲ့ ပုံလေးတွေက ကြည့်နေတဲ့သူတွေကို ရယ်မောသွားစေပြီး အရမ်းချစ်စရာကောင်းလွန်းနေတာကြောင့် ချီချီ့ရဲ့Tiktok လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။


Source&Photo Credit:Nay Chi Oo's Facebook Account
Video Credit:beautybynaychi's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။