ပရိသတ်ကြီးရေ စန္ဒီမြင့်လွင်ကတော့ Rap သီချင်းတွေနဲ့ ဂီတလောကမှာ အောင်မြင်မှုများစွာရရှိထားကာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့တဲ့သူလေးပဲဖြစ်ပါတယ်။ သူမကတော့ အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို အရင်ကထပ် မလုပ်ဖြစ်တော့ပေမယ့် ဖြည်းဖြည်းမှန်မှန်နဲ့ သာ လုပ်ဆောင်နေပြီး ပရိသတ်တွေကတော့ ယနေ့တိုင် အားပေးနေကြဆဲဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က သူမနဲ့ တူပြီး အသည်ယားစရာကောင်းတဲ့ ပါးဖောင်းဖောင်းလေးတွေကို ပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသောချစ်သမီးလေး Treasure ကိုလည်း မွေးဖွားထားပါသေးတယ်။
Treasure လေးက အနေအေးပြီး ချစ်စရာကောင်းလွန်းနေတာကြောင့် ဖေဖေ မေမေ တို့ရဲ့ အသည်းကျော်လေးဖြစ်ကာ ချစ်မဝဖြစ်နေတာဖြစ်ပါတယ်။ မေမေ စန္ဒီမြင့်လွင်ကတော့ ပရိသတ်တွေရဲ့အချစ်ကိုပါ ရရှိထားတဲ့ သမီးလေး Treasure ရဲ့လှုပ်ရှားမှုလေးတွေကိုလည်း အမြဲတမ်းမျှဝေပေးနေတာကိုလည်း တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း သမီးလေး Treasure နဲ့ အတူ ပရိသတ်တွေ ကြည်နူးစရာကောင်းလောက်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီယိုလေးထဲမှာတော့ သမီးလေး Treasure လေးကို သူကြိုက်တတ်တဲ့ သစ်သီးတွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးပြီး ချစ်စရာကောင်းတဲ့ သမီးလေး နဲ့ ဆော့ကစားနေတာ ဖြစ်ပါတယ်။ မေမေ စန္ဒီမြင့်လွင် ပရိသတ်တွေနဲ့ တရင်းတနှီး စကားတွေပြောနေရင်း Treasure လေးက သူကြိုက်တဲ့ သစ်သီးလေးတွေ ဆော့ကစားနေတာလေးက အရမ်းချစ်ဖို့ကောင်းနေပါတယ်နော်...။ ကဲ...ချစ်ပရိသတ်ကြီး ဝဝကစ်ကစ် တစ်နေ့တခြား ချစ်စရာကောင်းလာတဲ့ Treasure လေးနဲ့ မေမေစန္ဒီမြင့်လွင် တို့ ရဲ့ ကြည်နူးစရာ live ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo & Video Credit - Sandy Myint Lwin
Source - Sandy Myint Lwin's facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။