ပရိသတ်ကြီးရေ မော်ဒယ်မလေး နော်ဖော်အယ်ထားကို လူတိုင်းသိကြမှာပါနော်။ သူမဟာ ကယန်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး အနုပညာမျိုးရိုးကနေ ဆင်းသက်လာသူမဟုတ်ပဲ ကိုယ့်ဒူးကိုယ်ချွန်ကာ အောင်မြင်အောင်ကြိုးစားလာသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ မျက်နှာလေးဟာလည်း ကလေးတစ်ယောက်လို အပြစ်ကင်းစင်ပြီး ရိုးသားဖြူစင်လွန်းတာကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ်နေကြတာပါ။


နော်ဖောဟာ ကျန်းမာရေးကောင်းမွန်အောင် အမြဲလိုလို လေ့ကျင့်ခန်းလုပ်နေကြဖြစ်ပြီး သူမရဲ့ ကိုယ်လုံးလေးဟာလည်း မိန်းကလေးတိုင်းကပါ အားကျနေကြရတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း အမြဲလိုလို ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။


ဒါကတော့ အသားကပ်အင်္ကျီလေးကိုဝတ်ဆင်ထားပြီး ချစ်စရာကောင်းလွန်းနေတဲ့ မင်းသမီးချောလေး နော်ဖောအယ်ထားရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ နော်ဖောဟာ လတ်တလောမှာလည်း ကြော်ငြာလေးတွေ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် နော်ဖောအယ်ထားရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Naw Phaw Eh Htar’s Facebook Account


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။