ကရင်တိုင်းရင်းသူလေး နော်ဖောကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး စိတ်ထားလေးကလည်း ဖြူစင်လွန်းတာကြောင့် ပရိသတ်တွေ မချစ်ပဲမနေနိုင်ရသူလေးပါနော်။ နော်ဖောက ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးနေပြီး ပရိသတ်တွေကလည်း သူမရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကို အကြိုက်တွေ့နေတာလည်း ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်နေတဲ့ နော်ဖောက ပရိသတ်တွေနဲ့ အဆက်အသွယ်အမြဲရှိနေတာပါနော်..။



ဖြူဖွေးနုဖတ်တဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားပြီး အပြစ်ပြောရက်စရာမရှိလောက်အောင် ချစ်စရာကောင်းလွန်းနေတာကြောင့် ပုရိသပရိသတ်တွေရဲ့ အသည်းကျော်လေးလဲ ဖြစ်လို့နေပါတယ်။ နော်ဖောက ပုံရိပ်အလန်းလေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ မျှဝေပေးလျက်ရှိနေပြီး သူမရဲ့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာပါ။ ယနေ့မှာလည်း နော်ဖောက ပိုစ့်တစ်ခုတင်ပေးလါခဲ့ပါတယ်။



ကြည်လင်းဝင်းပတဲ့ အသားအရည်လေးကို အထင်းသားပေါ်လွင်စေခဲ့တဲ့ ကြိုးတစ်လုံးဂါဝန်လေးကို ဝတ်ကာ ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ ရင်ဖိုစရာကောင်းလောက်အောင် ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပါ။
နော်ဖောရဲ့ ပုံလေးတွေတိုင်းက ကြည့်သူတိုင်းကို အသည်းယားအချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။






Photo credit - Bling Bling photography
Source - Naw Phaw Eh Htar's FB page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။