ပရိသတ်ကြီးရေ.. စူးရှပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အသံချိုချိုအေးအေးလေးနဲ့ တရားတောင်းပြီး ပရိသတ်တွေရင်ထဲ တိုးဝင်ရောက်ရှိလာခဲ့ပြီး မြန်မာသံစဉ်သီချင်းလေးတွေကိုလည်း ပိုင်နိုင်စွာ သီဆိုတတ်တဲ့ ပရိသတ်အချစ်တော်လေးကတော့ ခင်ပိုးပန်းချီပဲ ဖြစ်ပါတယ်နော်..။

အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အချစ်တော်တစ်ယောက်အဖြစ် ရပ်တည်အောင်မြင်နေတဲ့ ခင်ပိုးပန်းချီကတော့ သူမရဲ့ ရိုးရှင်းတဲ့ ပုံရိပ်လေးတွေနဲ့ အပြုံးလေးတွေက မြင်သူပရိသတ်တွေရဲ့ရင်ကိုလည်း အမြဲအေးချမ်းစေပါတယ်နော်..။


Photo Credit - ခင်ပိုးပန်းချီ Khin Poe Panchi's Fb Page
Photo Credit - ခင်ပိုးပန်းချီ Khin Poe Panchi's Fb Page

ပရိသတ်အချစ်တော်လေး ခင်ပိုးပန်းချီကတော့ ဖြိုးမြတ်အောင်နဲ့ စတင်သိကျွမ်းခဲ့တဲ့ အမှတ်တရလေးတွေနဲ့ နှစ်ယောက်အတူ စုံတွဲသီချင်းလေး သီဆိုမယ့်အကြောင်းလေးကိုလည်း ပြောပြလာပါတယ်နော်..။

ဖြိုးမြတ်အောင်နဲ့ လိုင်းပေါ်မှာ စခင်ခဲ့ကြတာဖြစ်ပြီး ဖြိုးမြတ်အောင်တို့ရဲ့ဘုရားထီးတင်ပွဲအလှူမှာ သူမကို ဘုရားထီးတင်ဖိတ်ပြီး တရားတောင်းဖို့ ဖိတ်တဲ့အချိန်တွေကစပြီး နှစ်ယောက်သား ခင်ခဲ့ကြတဲ့အကြောင်းလေးနဲ့ အနုပညာမောင်နှမနှစ်ယောက်အတူ စုံတွဲသီချင်းလေး သီဆိုဖို့ ရှိတဲ့ အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - ခင်ပိုးပန်းချီ Khin Poe Panchi's Fb Page
Photo Credit - ခင်ပိုးပန်းချီ Khin Poe Panchi's Fb Page

“သီချင်းကိုယ်တိုင်မရေးတတ်သေးပေမယ့် ရေးပေးတဲ့ သီချင်းတွေကို ဆိုမှာပါ ကိုကြီးအောင်ထက်ရေးပေးထားတဲ့ သီချင်းလေးတွေကောင်းတယ် အဲ့ဒါကို ဆိုဖို့ ရှိတယ် ကိုကြီးနဲ့ခင်တယ် သူက မြန်မာသံတွေ နားထောင်ရတာ ကြိုက်တယ် ကိုကြီးနဲ့လည်း လိုက်ပြီး သမီးနဲ့လည်း လိုက်မယ့် စုံတွဲသီချင်းလေး ဆိုဖို့ရှိပါတယ် ကိုကြီးနဲ့ တစ်ခါမှ စုံတွဲမဆိုဖူးဘူး သမီးလည်း ဆိုချင်တာနဲ့ စုံတွဲသီချင်းလေးလုပ်ဖြစ်သွားတာပါ ..” ဆိုပြီးတော့လည်း စုံတွဲသီချင်းလေး ဆိုမယ့်အကြောင်းလေးတွေကိုလည်း ပြောပြထားပါတယ်နော်..။

ချစ်စရာကောင်းပြီး ပရိသတ်တွေကို အချစ်ပိုစေတဲ့ အဆိုတော်မလေး ခင်ပိုးပန်းချီရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။


Photo Credit - ခင်ပိုးပန်းချီ Khin Poe Panchi's Fb Page
Photo Credit - ခင်ပိုးပန်းချီ Khin Poe Panchi's Fb Page

Photo Credit - ခင်ပိုးပန်းချီ Khin Poe Panchi's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။