ပရိသတ်အချစ်တော် မင်းသမီးချောလေး စိုးမြတ်နန္ဒာကတော့ နာမည်တစ်လုံးနဲ့အောင်မြင်ကျော်ကြားနေတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါတုန်းက ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ပရိသတ်တွေအသည်းစွဲချစ်ခဲ့ရတဲ့ စိုးမြတ်နန္ဒာက အခုချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စိုးမြတ်နန္ဒာက သူမရဲ့လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အမြဲမျှဝေပေးနေတာ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Soemyat Nandar's FB Page
Photo Credit-Soemyat Nandar's FB Page

စိုးမြတ်နန္ဒာက သူမတို့ညီအစ်မတွေပူးပေါင်းဖွင့်လှစ်ထားတဲ့ မင်းသမီးပိုးထည်တိုက်လေးကို ကိုယ်တိုင်ဦးစီးပြီး လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဝါသနာပါတဲ့အရာလေးတွေကိုပြုလုပ်ရင်း ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ စိုးမြတ်နန္ဒာကတော့ ရှိရင်းစွဲအရွယ်ထက်ပင် ငယ်ရွယ်နုပျိုနေတာ ဖြစ်ပါတယ်။ အခုလည်း စိုးမြတ်နန္ဒာက "ဘယ်သူ့ လက်လဲဗျို့"ဆိုပြီး ပရိသတ်တွေကို ပဟေဠိဆန်ဆန်မေးခွန်းလေးထုတ်လိုက်တာ ဖြစ်ပါတယ်။

Photo Credit-Soemyat Nandar's FB Page
Photo Credit-Soemyat Nandar's FB Page
Photo Credit-Yan Aung's FB Acc

စိုးမြတ်နန္ဒာက အဖိုးတန်လက်စွပ်ဝတ်ဆင်ထားတဲ့လက်ကိုကိုင်ပြီး ဓာတ်ဖမ်းနေတဲ့သူမရဲ့ပုံရိပ်လေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒီလက်ရဲ့ပိုင်ရှင်ကတော့ ပရိသတ်အချစ်တော် မင်းသားကြီးရန်အောင်ရဲ့လက်ပဲဖြစ်ပြီး လက်ရှိမှာ စိုးမြတ်နန္ဒာနဲ့ရန်အောင်တို့က မဟာမြိုင်ဆရာတော်ဘုရားကြီးကို သွားရောက်ဖူးမြော်ခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရန်အောင်နဲ့ စိုးမြတ်နန္ဒာတို့အနုပညာမောင်နှမနှစ်ယောက်ရဲ့ပုံလေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Soemyat Nandar's FB Page 

Photo Credit-Soemyat Nandar's FB Page
Photo Credit-Yan Aung's FB Acc
Photo Credit-Yan Aung's FB Acc
Photo Credit-Yan Aung's FB Acc
Photo Credit-Soemyat Nandar's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။