လတ်တလော လူမှုကွန်ယက် စာမျက်နှာနဲ့ ပရိသတ်တွေကြားမှာ ရေးပန်းစားနေတာကတော့ ကိုပေါက်ရဲ့ Tiktokတွေနဲ့ ဟာသဗီဒီယိုဖိုင်တွေပဲဖြစ်ပါတယ်။ ကိုပေါက်က ဇာတ်ညွန်းရေး ဒါရိုက်တာတစ်ယောက်ဖြစ်တာကြောင့် ကိုယ်ပိုင်ဖန်တီးထားတဲ့ ဟာသဗီဒီယိုလေးတွေကိုလည်း အများက အကြိုက်တွေ့နေတာပါ။ သရုပ်ဆောင်ရာမှာလည်း ပီပြင်လွန်းတဲ့အပြင် ဘက်စုံတော်လွန်းတဲ့ ကိုပေါက်ကို အနုပညာရှင်တွေကပါ ချီးကျူးမဆုံးဖြစ်နေတာကိုလည်း တွေ့ရပါတယ်။  

Photo credit _ Aung Min Naing's FB account

ကိုပေါက်က Stay Homeကာလမှာ အိမ်မှာနေရင်း အပျင်းပြေ Tiktokဆော့ကစားရင်း ပရိသတ်တွေရယ်မောပျော်ရွှင်ကာ ကြိုက်နှစ်သက်ကြတာကြောင့် နောက်ပိုင်းမှာလည်း ဗီဒီယိုများစွာကို ရိုက်ကူးလာခဲ့တာပါ။ ကိုပေါက်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေပြီး မိသားစုကို အချိန်ပေးကာ ပျော်ရွှင်နေသူလည်းဖြစ်ပါတယ်။ သူရဲ့ တနေ့တာလှုပ်ရှားမှုတွေကို ပရိသတ်တွေထက်ကို ချပြပေးလေ့ရှိတဲ့ ကိုပေါက်တော့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ YouTube channelက ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်....။ 

Photo credit _ Aung Min Naing's FB account
Photo credit _ Aung Min Naing's FB account

ကိုပေါက်က အနုပညာလောကမှာ အောင်မြင်မှုများစွာရရှိထားတဲ့ ဒါရိုက်တာညိုမင်းလွင်နဲပရိုကျူဆာကိုဘိုစန်းတို့ကို စနောက်ကာ ထင်မှတ်မထားလောက်တဲ့ စကားလုံးလေးတွေနဲ့ ပြောဆိုထားတာလည်းဖြစ်ပါတယ်။ ကြည့်မိသူတိုင်း မရယ်ပဲမနေနိုင်လောက်အောင် စကားလုံးလေးတွေက အဆန်းလေးတွေဖြစ်တာကြောင့်ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုပြီး တနေ့တာရဲ့ အမောတွေပြေပျောက်သွားစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....။

Photo credit _ Aung Min Naing's FB account
Photo credit _ Aung Min Naing's FB account

Photo credit _ Aung Min Naing's FB account

Source _ Aung Min Naing's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။