မော်လ်ဒယ် သရုပ်ဆောင် MRTV - 4 မင်းသားချောလေး ရှင်မွေလ ကတော့ ပရိသတ်တွေအချစ်တွေကို အချိန်အတိုတွင်း ချွေယူနိုင်ခဲ့တဲ့ သူလေးပါနော်..။ ရှင်မွေလ က သရုပ်ဆောင်ပိုင်းမှာလည်း အကောင်းဆုံးကြိုးနေပြီး ဒီထပ်မက အောင်မြင်တွေရရှိအောင် ကြိုးစားနေသူပဲဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ အနေနဲ့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲ ကို လတ်ရှိမှာ ဆက်တိုက်ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။

Photo & Video Credit - Shin Mwe La
Photo & Video Credit - Shin Mwe La

ရှင်မွေလ က အနုပညာလောကမှာ ဝေဖန်မှုတွေကြားကနေ ယုံကြည်ရာလမ်းကြောင်း တစ်ခုကို အကောင်းဆုံး လျှောက်လှမ်းနေတဲ့ သူပါ ။ လတ်တလော MRTV - 4 မှာ ထုတ်လွှင်ပြသနေတဲ့ " ဂျီဟောသူ" ရုပ်သံ ဇာတ်လမ်းလေးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ယခုတစ်ခါတော့ ပရိသတ်တွေချစ်တဲ့ ရှင်မွေလှက အပျင်းပြေဆော့ကစားထားတဲ့ tik tok ဗီဒီယို လေးကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ တင်ပေးလာခဲ့ပါတယ်။

Photo & Video Credit - Shin Mwe La
Photo & Video Credit - Shin Mwe La

ဒီ ဗီဒီယို လေးထဲမှာတော့ ရှင်မွေလက ရဲရင့်အောင် ရဲ့ သီချင်းလေးအတိုင်း နှုတ်ခမ်းနီမလေးတွေ အသည်းကြွေလောက်တဲ့ အိုက်တင်တွေနဲ့ ဆွဲဆောင်မှုရှိရှိ ဆော့ကစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗီဒီယိုလေး နဲ့ လည်း ရှင်မွေလ က " This man is လင်းညို very very ကျွတ်ဆင် " ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး မင်းသားချောလေး ရှင်မွေလ ရဲ့ ချစ်စရာဟန်ပန်အမူရာလေး ဆော့ကစားထားတဲ့ tik tokဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Shin Mwe La

Source - Shin Mwe La's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။