သီချင်းလေးတွေကို အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုတတ်သူလေးကတော့ အဆိုတော်မလေး အိမ့်ချစ်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် ဂီတလောကမှာ အောင်မြင်မှုတွေ များစွာ ရရှိနေတဲ့ အဆိုတော်မလေး တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ သွက်သွက်လက်လက်နဲ့ လွတ်လွတ်လပ်လပ်နေတတ်တဲ့ ပုံစံလေးကလည်း ပရိသတ်တွေကို ပိုပြီး အချစ်ပိုစေတဲ့ အဓိက အချက်တွေပဲ ဖြစ်ပါတယ်။

Photo Crd - Eint Chit's Facebook and Tik Tok Account
Photo Crd - Eint Chit's Facebook and Tik Tok Account
Photo Crd - Eint Chit's Facebook and Tik Tok Account

အိမ့်ချစ်ဟာ မကြာသေးခင်ကလည်း ချစ်ရတဲ့ ချစ်သူနဲ့အတူ ရွှေလက်တွဲခဲ့ပြီပဲ ဖြစ်ပါတယ်။ မိဘနှစ်ပါးလုံးကလည်း သိတတ်လိမ္မာလွန်းတဲ့ သမီးလေးပျော်ရွှင်နေတာကို ကြည့်ပြီး ထပ်တူ ပီတိဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ချစ်ခင်ပွန်းနဲ့အတူ Pre Wedding လေးတွေ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေကို အချိန်နဲ့ တစ်ပြေးညီ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။

Photo Crd - Eint Chit's Facebook and Tik Tok Account
Photo Crd - Eint Chit's Facebook and Tik Tok Account
Photo Crd - Eint Chit's Facebook and Tik Tok Account

အိမ့်ချစ်ဟာ Tik Tok အကောင့်လေးလည်း ဖွင့်ထားတာပဲ ဖြစ်ပြီး တစ်ခါတစ်ရံ ပရိသတ်တွေကို သူမရဲ့ ဗီဒီယိုလေးတွေ ဝေမျှပေးလေ့ ရှိရာ အခုတစ်ခါမှာလည်း ချစ်စရာကောင်းတဲ့ ဗီဒိယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ညအိပ်ဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိ Tik Tok လေးဆော့ကစားထားတဲ့ အိမ့်ချစ်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် အိမ့်ချစ်ရဲ့ Tik Tok Video လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Eint Chit's Facebook and Tik Tok Account

@eintchit

နီးခြင်းဝေးခြင်းပညတ်များ

မူရင်းအသံ - mike mike
@eintchit

original sound - shwemabon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။