ပရိသတ်ကြီးရေ တက်သစ်စသရုပ်ဆောင်မင်းသမီးချောလေး သံသာမိုးသိမ့် ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို ရပ်တည်နိုင်ခဲ့ပါပြီလည်းဖြစ်ပါတယ်။ သံသာမိုးသိမ့်ကတော့ အနုပညာလောကထဲကို အကယ်ဒမီရွှေကြိုကနေ စတင်လျှောက်လှမ်းခဲ့တဲ့မင်းသမီးချောလေးပဲဖြစ်ပြီး နောက်ပိုင်းမှာတော့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်တွေထဲမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Photo Credit - Than Thar Moe Theint
Photo Credit - Than Thar Moe Theint

လတ်ရှိမှာတော့ ကပ်ရောဂါဆိုကြီးကြောင့် ခဏတာရပ်နားခဲ့ရတဲ့ အနုပညာအလုပ်တွေကို ပြန်လည်စတင်ပြီ လုပ်ကိုင်လာနေပြီးလည်း ဖြစ်ပါတယ်။ ယခုမှာဆိုရင်တော့ မင်းသမီးချောလေး သံသာမိုးသိမ့် ကတော့ ဇူလိုင်လ (၂) ရက်နေ့ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့တဲ့ ဖားကန့်က မြေပြိုမှုကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးသွားခဲ့တာကို စိတ်မကောင်းဖြစ်စွာ နဲ့ပဲ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားလာခဲ့ပါတယ်နော်...။

Photo Credit - Than Thar Moe Theint
Photo Credit - Than Thar Moe Theint

ယင်း မြေပြိုမှုကြောင့် သေဆုံးသွားမှုသတ်ပတ်ပြီး စိတ်မကောင်းစွာရေးသားထားရာမှာတော့ "ညပိုင်းမှဖုန်းသုံးရတော့.. ခုမှတွေ့တယ်ကိုယ့်အဖေဖားကန့်မှော်ထဲသွားစစ်ပြီဆိုလည်း စိတ်တအားပူခဲ့ရတာ..အဲ့လိုအခြေနေနဲ့များကြုံမလားပေါ့.. ဒါတောင်ခဏတဖြုတ်သွားတာတောင်စိတ်ပူတာ.. အိမ်မှာကရေမဆေးရှာတဲ့မတက်နိုင်တဲ့သူတွေ၄၀ ၅၀ လောက်ခေါ့်ပီးနေစရာပေးထားတော့ ဖြစ်ပြီဆိုလည်း.. အိမ်ကဘယ်ကလေးတော့ပါသွားတယ်.. ကြားရတိုင်းစိတ်မချမ်းသာခဲ့ဘူး..ဘဝတွေကခါးသက်တော့လည်း..အသက်နဲ့ရင်းရတာပဲ..စိတ်မကောင်းလိုက်တာ.. လူရာကျော်ရဲ့အသက်ကနည်းလား " ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

Photo Credit - Than Thar Moe Theint

Source - Than Thar Moe Theint facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။