ပရိသတ်ကြီးရေ ဂီတလောကမှာ အသံချိုချိုလေးတွေနဲ့ သီချင်းနာထောင်တဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုထိမှန်အောင် သီဆိုနိုင်တဲ့ သူကတော့ အဆိုမလေး ပိုပို ပဲဖြစ်ပါတယ်။ ပိုပို ရဲ့ တေးသီချင်းတွေကလည်း အချစ် ၊ အလွမ်း တွေပဲဖြစ်ပြီး လူငယ်တွေကြားမှာ ယနေ့အချိန်ထိ ရေပန်းစား လူကြိုက်များခဲ့တဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။ လတ်ရှိမှာတော့ ပရိသတ်တွေနဲ့ ထပ်တူကျစေမယ့် သီချင်းကောင်းတွေကိုလည်း ဖန်တီးနေတယ်လို့လည်း သိရပါတယ်။

Photo Credit -ပိုပို
Photo Credit -ပိုပို

ပိုပို ကတော့ ဂီတလမ်းကြောင်းမှာလည်း အခက်အခဲများစွာရင်ဆိုင်ကာ အကောင်းဆုံးကြိုးစားပြီး ရပ်တည်လာနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပိုပို ဟာ အသက်ငယ်ရွယ်ပေမယ့် စိတ်သဘောထားပြည့်ဝသူလေးဖြစ်သလို ဘာသာတရားကိုလည်း အထူးကိုင်းရှိုင်းတဲ့ အနုပညာရှင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ ပိုပို က အမြဲလိုလို ပရိသတ်တွေအတွက် ချစ်စရာကောင်းလောက်တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်နှာပေါ်မှာ ဖော်ပြပေးလေ့ရှိတဲ့ ပိုပို က ယခုတစ်ခါမှာလည်း ပုံလေးတွေကို တင်ပေးလာခဲ့ပြန်ပါပြီနော်..။

Photo Credit -ပိုပို
Photo Credit -ပိုပို

ဒီပုံလေးတွေထဲမှာတော့ အချစ်တော်လေး ပိုပို က လွတ်လပ်ပေါ့ပါးတဲ့ ညအိပ်ဝတ်စုံလေးကိုဝတ်ထားပြီး ကြည့်မိသူတိုင်း ရင်ခုန်စရာကောင်းလောက်အောင် ညို့အားပြင်းပြင်း ဖမ်းစားထားတဲ့ ချစ်စရာပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ပိုပို က " တခါတလေတော့ ရုပ်တည်ကြီးနဲ့ " ဆိုတဲ့ Caption လေးနဲ့ အတူ ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ စွဲမက်စရာကောင်းလောက်တဲ့ ပုံရိပ်လေတွေနဲ့ ရင်ခုန်အောင် ဖမ်းစားထားတဲ့ ပိုပို ရဲ့ ပုံရိပ်လေးတွေကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်နော်..။

Photo Credit -ပိုပို

Source -ပိုပို facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။