ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီခင်သန်းနုကတော့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ခေါင်းအစခြေအဆုံး အရမ်းလှပပြီး တစ်ခေတ်မှာ သူမရဲ့အလှအပတွေကအရမ်းရေပန်းစားခဲ့ပါတယ်နော်။ခင်သန်းနုကတော့ အခုချိန်မှာဆိုရင် အသက်(၇၅)နှစ်အရွယ်ရောက်ရှိနေပေမယ့် အရွယ်တင်နုပျိုမှုတွေက မကုန်ခမ်းသွားသေးတာကြောင့် ငယ်ငယ်တုန်းကလိုပဲ လှပနုပျိုနေတာဖြစ်ပါတယ်။

Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account

ခင်သန်းနုကတော့ ဒီဇိုင်နာမျိုးမင်းစိုးချုပ်ပေးတဲ့ အင်္ကျီတွေနဲ့လည်းအရမ်းလိုက်ဖက်ပြီး ကျက်သရေအဖြာဖြာနဲ့ပြည့်စုံနေတာဖြစ်ပါတယ်။ခင်သန်းနုရဲ့အလှကို ပိုပြီးပေါ်လွင်အောင်လို့ ဒီဇိုင်နာမျိုးမင်းစိုးကလည်း သေချာဖန်တီးချုပ်လုပ်ပေးတာဖြစ်ပါတယ်။မကြာသေးခင်ကလည်း ဒီဇိုင်နာမျိုးမင်းစိုးဖန်တီးပေးထားတဲ့ဝတ်စုံလေးကို ဆင်မြန်းပြီး ရုပ်ရှင်နှစ်(၁၀၀)ပြည့်အခမ်းအနားကိုသွားရောက်ခဲ့သေးတာဖြစ်ပါတယ်နော်။

Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account

အခုဆိုရင်တော့ ခင်သန်းနုက အိမ်နေရင်းအလှလေးနဲ့ပဲ ဒီဇိုင်နာမျိုးမင်းစိုးနဲ့အတူ Video Call ပြောနေတာဖြစ်ပါတယ်။မျိုးမင်းစိုးကတော့"ခုအချိန်ထိတတ်ကြွရွှင်လန်း ကျန်းမာလှပနေဆဲ အကယ်ဒမီမင်းသမီးကြီး ခင်သန်းနုရဲ့ အိမ်နေရင်း အလှလေးပါ အသက်(၇၅)နှစ်အရွယ်မင်းသမီးတစ်ယောက်ရဲ့နုပျိုလှပမှူ နေ့တိုင်းလိုလိုတစ်နေ့၂ကြိမ်လောက်သတိတရph ဆက်လိုက် video call ခေါ်လိုက်ဝတ်စုံအကြောင်းလေးတွေပြောလိုက်နဲ့မှတ်သားစရာစကားများနဲ့ချစ်ခင်မှူအပြည့်နဲ့အမြဲဆုံးမသွန်သင်လျက်ပါ။ခုလည်းVideo Callပြောနေတုန်း လေးလျှပ်တပြတ် အမှတ်တရမှတ်တမ်းလေးပါ"ဆိုပြီး ပုံရိပ်လေးကိုမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account

Source&Photo Credit:Myo Min Soe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။