မင်းသားချော ပိုင်ဇေရဲထွန်းကတော့ VCD ခေတ်ကတည်းကနေ သီချင်းဗီဒီယိုတွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိအချိန်မှာတော့ ပိုင်ဇေရဲထွန်းက အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်တော့ပေမယ့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေဆဲ ဖြစ်ပါတယ် ။ ပိုင်ဇေရဲထွန်းက ကလေးသုံးယောက်အဖေဖြစ်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc

သားနှစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပိုင်ဇေရဲထွန်းတို့မိသားစုလေးကိုတော့ ပရိသတ်တွေကပါ အားကျနေတာ ဖြစ်ပါတယ် ။ အထူးသဖြင့် ပိုင်ဇေရဲထွန်းရဲ့ချစ်ဇနီးလေး ဇင်သဲနိုင်က မင်းသမီးလေးတစ်ယောက်လို ချောမောလှပလွန်းတာကြောင့် ပရိသတ်တွေချစ်ခင်နေရတာ ဖြစ်ပါတယ် ။ အခုလည်း ပိုင်ဇေရဲထွန်းက ညဥ့်နက်တဲ့အထိ မအိပ်သေးဘဲ အလုပ်လုပ်နေရတဲ့ ချစ်ဇနီးလေးဇင်သဲနိုင်ကို သမီးလေးနဲ့အတူ ဘေးကနေအဖော်လုပ်ပေးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc

ပိုင်ဇေရဲထွန်းက သူအရမ်းချစ်ရတဲ့ ချစ်ဇနီးလေးရဲ့ပါးကိုအနမ်းဖွဖွလေးပေးနေတာကလည်း ကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ် ။ ဇင်သဲနိုင်ကတော့ "ည ၁း၀၀ထိ စာရင်းတွေကမပြီး Productအသစ်ထုတ်ချင်တာတွေစမ်းနေတဲ့ မေမေ့ကို အဖော်လုပ်ပေးတဲ့သမီးလေး ပင်ပန်းပေမယ့် ပျော်စရာကောင်းပါတယ်" ဆိုပြီး ပုံလေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ဇင်သဲနိုင်တို့သားအမိရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Zin Thae Naing's FB Acc

Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Story
Photo Credit-Zin Thae Naing's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။