အဆိုတော်ရတနာမိုင်ကတော့ အောင်မြင်လျက်ရှိနေတဲ့ အဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရယူထာနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ အဆွေးသီချင်းလေးတွေ အချစ်သီချင်းလေးတွေကို သီဆိုလေ့ရှိပြီး အဆိုပါသီချင်းလေးကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုဝင်ရောက်နေရာရယူထားနိုင်သူလေးပဲဖြစ်ကာ ပြည်သူချစ်အဆိုတော်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။
ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားပြီး လူတိုင်းကို အပြုံးလေးတွေနဲ့ ပြောဆိုတတ်တဲ့ သူမကတော့ နောက်ထပ်သီချင်းအသစ်လေးတွေကိုလည်း ပရိသတ်တွေရဲ့ရှေ့ကို ချပြဖို့ ကြိုးစားလျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိတဲ့ သူမကတော့ ယခုမှာ မင်္ဂလာဆောင်ရင် ဖိတ်စာကမ်းလဲ ငါ့ကိုနင်မမေ့နဲ့ ‘ ဆိုတဲ့ သီချင်းလေးလို အရမ်းဆွေးမယ့်သီချင်းလေးကို ချပြဖို့ကြိုးစားလျက် ရှိနေပါတယ်။
သူမကတော့ " ဝေကြီးရေးပေးတဲ့ 'မင်္ဂလာဆောင်ရင် ဖိတ်စာကမ်းလဲ ငါ့ကိုနင်မမေ့နဲ့ ‘ ဆိုတဲ့ သီချင်းလို နောက်တပုဒ် အဖီးတလိုင်း အရမ်းဆွေးမယ့်သီချင်းလေး လာရန်ရှိ at Strings Studio မှာ မောင်နှမများနဲ့အတူ Coming Soon "ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ရတနာမိုင်ရဲ့ သီချင်းအသစ်လေးထွက်ဖို့ ပြင်ဆင်နေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
source - Yadanar My's facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။