ပရိသတ်ကြီးရေ ကိုပေါက်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားပြီး သရုပ်ဆောင်ပိုင်းမှာ ဘက်စုံတော်တဲ့ သူတစ်ယောက်ပါနော်။ ကိုပေါက်က သရုပ်ဆောင်အပြင် ကဗျာရေး ၊ ဇာတ်ညွှန်းရေး ဒါရိုက်တာအဖြစ်လည်း အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာရပ်တည်နေတာပါနော်။ ယခုလိုအောင်မြင်မှုတွေ များစွာရရှိဖို့အတွက ်အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ကိုပေါက်ရဲ့ စိတ်ဓာတ်ကိုလည်း ပရိသတ်တွေက ချီးကျုးမဆုံးဖြစ်နေကြတာလည်းဖြစ်ပါတယ်.....။


ကိုပေါက်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ကိုင်နေပြီး အားလပ်တဲ့ အချိန်လေးတွေမှာ မိသားစုကို အချိန်ပေးကာ နေထိုင်တက်သူလည်းဖြစ်ပါတယ်။ ကိုပေါက်က အရာရာကို နားလည်မှုရှိပြီး ကျက်သရေရှိတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ ဇနီးချောလေးအပြင် စကားတက်ပြီး သွက်သွက်လပ်လပ်ရှိကာ ချစ်မွှေးပါတဲ့ သားသားလေးနှစ်ယောက်ကိုလည်း မွေးဖွားထားတာဖြစ်လို့ ပရိသတ်တွေကလည်း အားကျချစ်ခင်နေကြတာပါနော်.....။


ကိုပေါက်က အခုလက်ရှိမှာတော့ ရရှိတဲ့ အနုပညာငွေကြေးလေးနဲ့ တက်နိုင်သလောက်လေး YGW ဘိုးဘွားရိပ်သာကို သွားကာ အနုပညာရှင် ညီအကို မောင်နှမတွေနဲ့အတူ စုပေါင်းအလှူလေးတစ်ခုကို ပြုလုပ်နေတာလည်းဖြစ်ပါတယ်.။ စုပေါင်းအလှူပြုတဲ့ ဘိုးဘွားရိပ်သာက စကားတက်လွန်းတဲ့ အဖွားမေကြည်ခင်ရဲ့ အပြောလေးတွေကြောင့် အူတက်နေရတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကိုလည်း တင်ထားပါသေးတယ်။ အဖွားက ကိုပေါက်ကို ပြေတီဦးထက်ချောတယ်လို့လည်း ပြောထားပါသေးတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေ ကိုပေါက်ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။


Source & Photo credit - Aung Min Naing's FB account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။