သရုပ်ဆောင် မင်းသမီးချော စမိုင်းလ်ကတော့ ချစ်ရတဲ့သမီးချောလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အများကအားကျရတဲ့ ဘဝလေးကိုရရှိထားတဲ့ စမိုင်းလ်ကတော့ မာန်မာနကင်းပြီး စိတ်သဘောထားပြည့်ဝသူလေးပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် စမိုင်းလ်က အလှူအတန်းနဲ့ပတ်သက်ရင်လည်း ရက်ရက်ရောရောရှိပြီး စေတနာထက်သန်စွာ လှူဒါန်းလေ့ရှိတာ ဖြစ်ပါတယ် ။



အခုလည်း စမိုင်းလ်က ဇွန်လ(၂၂)ရက်နေ့မှာကျရောက်မယ့် သူမရဲ့မွေးနေ့လေးအတွက် ကြိုတင်ပြီး အလှူတစ်ခုပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ဒီနေ့မှာပဲ စမိုင်းလ်က ရုပ်ရှင်အစည်းအရုံးကို သွားရောက်ပြီး အမေများအဖွဲ့ ၊မမများအဖွဲ့၊ ကိုလူချောအဖွဲ့၊ စက်မှုအဖွဲ့ ၊ဇာတ်ပို့ဇာတ်ရံများအဖွဲ့ နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့တို့ကို တစ်ဖွဲ့လျှင် အလှူငွေ (၁၀)သိန်းနှုန်းနဲ့ စုစုပေါင်း သိန်း(၆၀)တိတိ လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။


အခုလည်း မမများအဖွဲ့က သရုပ်ဆောင်ဝါဝါအောင်က "မွေးနေ့ရှင် သရုပ်ဆောင် စမိုင်းလ် က မွေးနေ့အမှတ်တရအနေနဲ့ မမများအဖွဲ့ကို (၁၀)သိန်းလှူဒါန်းတာပါ သမီး စမိုင်းလ် စိတ်ချမ်းသာကိုယ်ကျန်းမာပါစေဒီထက်မကပို၍ပို၍အောင်မြင်တိုးတက်ကြီးပွားပါစေ "ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ကဲ စမိုင်းလ်ရဲ့အလှူကြောင့် ပီတိဖြစ်နေတဲ့ ဝါဝါအောင်တို့မမများအဖွဲ့ရဲ့ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Wahwah Aung's FB Acc



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။