“ငါသူတစ်ပါး ယောကျာ်းမိန်းမ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆွတ်ခူးဖူးခဲ့သူ ရုပ်ရှင်မင်းသမီး ခင်ဇာခြည်ကျော် ဟာ လက်တလောမှာ အနုပညာလှုပ်ရှားမှုတွေမလုပ်တော့ပေမယ့်လည်း လူမှုကွန်ရက်မှာတော့ သူမရဲ့ နေ့စဉ်အကြောင်းအရာလေးတွေ တင်လေ့ရှိပါတယ်။

ပရိသတ်တွေလွမ်းနေရတဲ့ ၀ါရင့်မင်းသမီးချော ခင်ဇာခြည်ကျော် မှာ ချစ်စရာကောင်းပြီး ချောမောတဲ့ သားသမီးနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကလည်း လူမှုကွန်ရက်မှာ လူပြောများလျက်ရှိပါတယ်။

အရွယ်တင်နုပျိုနေဆဲဖြစ်တဲ့ ခင်ဇာခြည်တစ်ယောက် ဇွန်လ(၁၄)ရက်ညသန်းခေါင်ချိန်မှာ ချစ်သူဆီက လှမ်းပို့လိုက်တဲ့ မွေးနေ့ကိတ်နဲ့ ပန်းစီးလှလှလေး လက်ဆောင်ရခဲ့တယ်လို့ သိရပါတယ်။

နောက်အိမ်ထောင်မပြုရသေးပဲ သားနဲ့ သမီးနဲ့ အတူပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ခင်ဇာခြည်ကျော်ဟာ အဝေးရောက်နေတဲ့ ချစ်သူ ဆီက အခုလို Surprise လုပ်ခံရလို့ ပျော်ရွှင်နေတဲ့အကြောင်း ဖေ့ဘုတ်အကောင့်မှာရေးသားထားပါတယ်။

ဆယ်ကျော်သက်အရွယ် သားနဲ့သမီးကလည်း နားလည်ပေးထားပုံရတဲ့အတွက် သူမတို့ အချစ်ရေးကတော့ သာသာယာယာပါပဲ။  

သတင်းအရင်းမြစ် khinzarchi kyaw fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။