ပရိသတ်ကြီးရေ ဂီတလောကမှာ Rap သီချင်းတွေနဲ့ အောင်မြင်လာခဲ့တဲ့ ယုန်လေးကတော့ ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေထဲမှာပါဝင်သရုပ်ဆောင်လာတာကို ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ ယုန်လေး ဟာ စိတ်သဘောထားပြည့်ဝပြီး အမြဲလိုလို သူတစ်ပါးပေးမှာလည်း ကူညီတက်တဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်တွေကပါ လေးစားနေရတဲ့ သူပဲဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဘောထားပြည့်တဲ့ ယုန်လေးဟာ Rap ဝါသနာရှင်လေးတွေဖြစ်တဲ့ A 4 ကျော်စွာ နဲ့ Min Z တို့နှစ်ယောက်ကို ပရိသတ်တွေရင်ထဲမှာ နေရာတစ်နေရရှိအောင် လက်တွဲကူညီခဲ့တာဖြစ်ပါတယ်။

Photo & Video Credit - Yone Lay
Photo & Video Credit - Yone Lay

မကြာသေးမှီ ရက်ပိုင်းလောက်က ယုန်လေး ၊ A 4 ကျော်စွာ နဲ့ Min Z တို့ သုံးယောက်ကတော့ Covid - 19 ကပ်ရောဂါ ကာလလေးမှာ ကြုံတွေ့နေရတဲ့အခြေခံလူတန်းစားတွေရဲ့ ဘဝအဖြစ်အပျက်လေးတွေကို ပေါ်လွင်အောင် ဖန်တီးထားတဲ့ " ဝမ်းစာ " သီချင်းလေးဟာ လူမှုကွန်ယက်စာမျက်နှာပေးမှာ အချိန်အတိုတွင် ကြည့်ရှုသူ ၅သန်းကျော်သွားခဲ့ပါတယ်။ ယခုတစ်ခါမှာလည်း Rap ဝါသနာရှင် A 4 ကျော်စွာ နဲ့ Min Z တို့နှစ်ယောက်နဲ့ အတူ ယုန်လေး ကတော့ နောက်ထပ် ပရိသတ်တွေနဲ့ ထပ်တူကျမယ့် "စိတ်ကူး" သီချင်းလေးကို ဖန်တီးနေပြီလည်းဖြစ်ပါတယ်။

Photo & Video Credit - Yone Lay
Photo & Video Credit - Yone Lay

ဒီ သီချင်းလေးအတွက် နောက်ဆုံးအသံသွင်းဖို့ ယုန်လေးက Rap ဝါသနာရှင် A 4 ကျော်စွာ ကိုသွားခေါ်ရင်း ဌက်စာကျွေးပြီး ကားပေါ်မှာ ပျော်ရွှင်စရာဟာသလေးတွေပြောကာ A 4 ကျော်စွာ နဲ့ Min Z တို့ရဲ့ Rap Skill လေးပြသခဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ပေးခဲ့ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ A 4 ကျော်စွာ ၊ Min Z တို့က တစ်ယောက်နဲ့ တစ်ယောက် စနောက်ပြီး Rap သီချင်းလေးတွေကိုလက်တန်းစပ်ဆိုခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ A 4 ကျော်စွာ နဲ့ Min Z တို့နှစ်ယောက်ရဲ့ လက်တန်းဆိုသွားတဲ့ Rap Skill ဗီဒီယိုလေးကို ပြန်လည်း ကူးယူဖော်ပြလိုက်ပါတယ်။

Photo & Video Credit - Yone Lay

Source -Yone Lay's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။