မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ပြီး အနုပညာလောကမှာနာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိပြီး ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။
ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ကျရာနေရာကနေ အပီဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက် တင်ပေးလေ့ရှိပါတယ်။ ပရိသတ်တွေ ချစ်ခင်ရတဲ့ သူမကတော့ ယခုမှာ ငယ်စဉ်တည်းကနေ ယခုအချိန်ထိ ဝနေခဲ့လို့ စိတ်အားငယ်ကာ စိတ်ဓာတ်ကျနေပြီး အနှိမ်ခံရတဲ့ ဝတုတ်ဘဝက ကျွတ်ပြီး ပိန်ဖူးချင်တဲ့အကြောင်း ပြောလာခဲ့ပါတယ်။
သူမကတော့ ယခခုမှာ " ဝခဲ့ဖူးတယ်...အခုလဲ ဝနေတုန်းပဲငါ ဘယ်တော့မှ ပိန်မှာလဲအားငယ်တယ် စိတ်ဓါတ်ကျတယ် အနှိမ်ခံရတဲ့ ဝတုတ်ဘဝက ဘယ်တော့ ကျွတ်မှာလဲမသေခင် ပိန်ဖူးသွားချင်တယ် " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ငယ်ဘဝရဲ့ ချစ်စရာပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးရွှေပိုးအိမ်ရဲ့ ဆယ်ကျော်သက်အရွယ်က ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
source: Shwe Poe Eain 's facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။