ပရိသတ်ကြီးရေ ဂီတနယ်ပယ်မှာအောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့အချစ်တွေကိုအပြည့်အဝရရှိထားတဲ့သူကတော့ အဆိုတော်မလေး ရတနာမိုင်ပဲဖြစ်ပါတယ်။ ရတနာမိုင် ကတော့ အသံချိုချိုအေးအေးလေးတွေနဲ့ သီချင်းကောင်းတွေကိုသီဆိုပြီး သူမရဲ့သီချင်းတွေကလည်း လူငယ်တွေကြားမှာ ရေပန်းစားလူကြိုက်များခဲ့တဲ့ သီချင်းကောင်းတွေပဲဖြစ်ခဲ့ပါတယ်နော်။ ဒါ့အပြင် ရတနာမိုင်ဟာ ဂီတလောကမှာထူးချွန်သူလေးဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း ကောင်းဆုံးနဲ့ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။
အနုပညာအလုပ်တွေကို အကောင်းဆုံးနဲ့ ကြိုးစားလုပ်ကိုင်နေတဲ့ ရတနာမိုင်လေးကတော့ ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ အနုပညာအလုပ်တွေကို ခဏတာရပ်နားထားခဲ့ရပေမယ့် လတ်ရှိမှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာတာကိုလည်းတွေ့ရပါတယ်နော်..။ ဒါ့အပြင် ရတနာမိုင် ပရိသတ်တွေအတွက် မကြာခဏဆိုသလို သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို အမြဲဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာတော့ ရတနာမိုင် က ယုန်လေး A4ကျော်စွာ Min Z တို့ရဲ့ "စိတ်ကူး" MTV shooting ရိုက်ကွင်းရဲ့ ကင်မရာနောက်ကွယ်ကအမှတ်တရ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ချပြလာခဲ့ပါတယ်နော်...။
ဒီပုံလေးတွေထဲမှာတော့ ဝါရင်သရုပ်ဆောင်တွေဖြစ်တဲ့ ထွန်းထွန်းဝင်း ၊ ဝါဝါအောင် ၊ ပွင့်နဒီမောင် ၊ ခင်လှိုင် ၊ ယုန်လေး နဲ့ မော်လ်ဒယ်မင်းသားချောလေး အောင်လေးတို့နဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် ရိုက်ထားတဲ့ အမှတ်တရ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်နော်..။ ဒီပုံရိပ်လေးတွေနဲ့လည်း ရတနာမိုင် က " ကိုကြီးယုန်လေး A4ကျော်စွာ Min Z တို့ရဲ့ "စိတ်ကူး" MTV shooting ရိုက်ကွင်းအမှတ်တရ" ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ပျော်ပျော်ရွှင်ရွှင်ဖြင့် "စိတ်ကူး" MTV shooting ရိုက်ကွင်းနောက်ကွယ်က ရတနာမိုင် ရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်..။
Photo Credit -May May My
Source -Yadanar My's facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။