ပွင့်ပွင့်လင်းလင်းနေထိုင်တတ်ပြီး လူချစ်လူခင်ပေါ်များသူကတော့ မိတ်ကပ်လင်းလင်းပဲ ဖြစ်ပါတယ်။ သူမဟာ မိတ်ကပ်လောကမှာသာမက သရုပ်ဆောင်ဘက်သို့ ကူးပြောင်းရာတွင်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမြဲလိုလို ပျော်ပျော်နေတတ်တာလေးကလည်း ပရိသတ်တွေ ချစ်မဝဖြစ်နေရတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ 

Photo Crd - Linn Linn's Facebook Account
Photo Crd - Linn Linn's Facebook Account
Photo Crd - Linn Linn's Facebook Account

သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် မိတ်ကပ်ဖန်တီးရှင်လောကမှာ အောင်မြင်ခဲ့တာပဲဖြစ်ပြီး အခက်အခဲတွေများစွာကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့လာရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာရှိပြီး မကြာခင်မှာ ရုံတင်ပြသတော့မှာဘဲ ဖြစ်ပါတယ်။ လင်းလင်းဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေ လက်ခံရိုက်ကူး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ သူမဟာ ပရိသတ်တွေအတွက် မကြာခဏဆိုသလို tik tok လေးတွေ ဆော့ကစားကာ ဝေမျှပေးနေ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo Crd - Linn Linn's Facebook Account
Photo Crd - Linn Linn's Facebook Account
Photo Crd - Linn Linn's Facebook and Tik Tok Account

အခုမှာလည်း   သူမရဲ့ tik tok အကောင့်မှာ    ဗီဒီယိုလေးတစ်ခု    တင်ထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့ လတ်တလောခေတ်စားနေတဲ့ သီချင်းလေးကိုပီပီပြင်ပြင် သရုပ်ဆောင်ပြလိုက်တဲ့ မိတ်ကပ်လင်းလင်းရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။     ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် လင်းလင်းရဲ့ Tik Tok Video လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Linn Linn's Facebook and Tik Tok Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။