သုသုလို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုဟာ သူမရဲ့ ပီပြင်ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ သူမဟာ ဆရာဝန်အလုပ်ကို စွန့်လွှတ်ကာ ဝါသနာပါရာ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ အနုပညာအပေါ်မှာ ထားရှိတဲ့ စိတ်လေးကို သဘောကျချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ 

Photo Crd- Paing Phyoe Thu’s Facebook Story
Photo Crd- Paing Phyoe Thu’s Facebook Story
Photo Crd- Paing Phyoe Thu’s Facebook Story

သုသုဟာ        ချစ်ခင်ပွန်း ဒါရိုက်တာဏကြီးနဲ့အတူ       ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို     ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။      ချစ်ခင်ပွန်းရဲ့ အလိုလိုက်      ချစ်ခင်ကြင်နာမှုတွေကြောင့်      သုသုတစ်ယောက်      အမြဲချမ်းမြေ့ပျော်ရွှင်နေရတာလည်း    ဖြစ်ပါတယ်။     လတ်တလောမှာတော့      သုသုတစ်ယောက်      ကြော်ငြာလေးတွေ     ပြန်လည်ရိုက်ကူးနေပြီပဲ       ဖြစ်ပါတယ်။   

Photo Crd- Paing Phyoe Thu’s Facebook Story
Photo Crd- Paing Phyoe Thu’s Facebook Story
Photo Crd- Paing Phyoe Thu’s Facebook Story

အခုမှာလည်း သူမရဲ့ Facebook Story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မင်းသားချောလေးအောင်ရဲလင်း၊နေတိုးတို့နဲ့အတူ ရိုက်ကွင်းမှာပျော်ပျော်ပါးပါးရိုက်ကူးရေးလုပ်နေတဲ့ ပိုင်ဖြိုးသုရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သုသုဟာ ဒီမင်းသားချောလေးတွေနဲ့အတူ ပြက္ခဒိန်ကြော်ငြာလေး ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မြင်ရခဲလွန်းလှတဲ့ အောင်ရဲလင်း ၊ နေတိုး နဲ့ သုသုတို့ရဲ့ ကြော်ငြာရိုက်ကွင်းဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Paing Phyoe Thu’s Facebook Story 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။