အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ကတော့ ဆယ်ကျော်သက်အရွယ်သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သားလေးကိုသေချာထိန်းကျောင်းပေးပြီး ဂရုတစိုက်ရှိပေးတဲ့မေမေဖြစ်ပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်တို့မိသားစုလေးက မိသားစုဝင်(၃)ယောက်ရှိပြီး အေးအေးချမ်းချမ်းနဲ့ပျော်ရွှင်စရာကောင်းလှပါတယ်။ထွန်းအိန္ဒြာဗိုလ်ရဲ့သားလေးက လိမ္မာရေးခြားရှိပြီး ပညာရေးမှာလည်းထူးချွန်သလို ပေါင်းသင်းဆက်ဆံရေးလည်းကောင်းမွန်တဲ့သူလေးဖြစ်ပါတယ်။

Photo Credit:Htun Eaindra Bo's Facebook Page
Photo Credit:Htun Eaindra Bo's Facebook Page
Photo Credit:Htun Eaindra Bo's Facebook Page

ထွန်းအိန္ဒြာဗိုလ်ရဲ့သားလေးက အနေအေးတဲ့ကလေးဖြစ်ပြီး တိရိစ္ဆာန်လေးတွေအပေါ်မှာလည်းကြင်နာတတ်လို့ အိမ်မှာဆိုရင် ချစ်စရာအကောင်လေးတွေကိုမွေးထားတာဖြစ်ပါတယ်။မိဘနှစ်ပါးမျက်နှာပွင့်ရအောင် ကျောင်းမှာလည်းဆုတွေရရှိတဲ့ သားလေးအောင်ဘိုကောင်းသန့်က အခုဆိုရင်လည်း Communication Award ဆုလေးကိုရရှိခဲ့တာဖြစ်ပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ သားလေးကြောင့်အမြဲစိတ်ချမ်းသာရပြီး မခိုင်ကြီးကအောက်ပါအတိုင်းရေးသားမျှဝေထားတာဖြစ်ပါတယ်။

Photo Credit:Htun Eaindra Bo's Facebook Page
Photo Credit:Htun Eaindra Bo's Facebook Page
Photo Credit:Htun Eaindra Bo's Facebook Page

"သား ငယ်ငယ်က အစားကျွေးရတာ အရမ်းခက်ပါတယ်..ကျောင်းက ပြန်လာတိုင်း ထမင်းဗူး က အရာမယွင်းတော့ ကျွန်မက သူ ထမင်းမစားရင် စိတ်ညစ်ကြောင်းရှင်းပြရတယ်လေ..အဲ့ နောက်ပိုင်း ထမင်းဗူးလေး အမြဲလိုလို ကုန်လာလို့ ဝမ်းသာရတာပေါ့..တစ်နေ့ကျတော့ သားလေး ကျောင်းက ဆု ရလာတယ်..သူငယ်ချင်း အချင်းချင်း မျှဝေနိုင်သူ ဆုပါ..သား ကိုမေးကြည့်တော့မှထမင်းဗူးမကုန်ရင် မေမေ စိတ်ညစ်မှာစိုးလို့ သူငယ်ချင်းကို နေ့တိုင်းကျွေး တာ တဲ့... အခုလည်း စကားများလွန်းလို့များဆု ရ ခဲ့တာလား မသိ"ဆိုပြီး မေမေထွန်းအိန္ဒြာဗိုလ်က သားသားလေးရဲ့အကြောင်းကိုရေးသားမျှဝေလာတာဖြစ်ပါတယ်။   

Photo Credit:Htun Eaindra Bo's Facebook Page
Photo Credit:Htun Eaindra Bo's Facebook Page
Photo Credit:Htun Eaindra Bo's Facebook Page

Source&Photo Credit:Htun Eaindra Bo's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။