ပရိသတ်ကြီးရေ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ရင်း အနုပညာလောကထဲမှာ ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတဲ့ ဇာတ်ပို့ သရုပ်ဆောင် ကိုပေါက်ကိုတော့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော်။ ကိုပေါက်က သရုပ်ဆောင်ရာမှာ တိကျပိုင်နိုင်ရံုံသာမကပဲ ကဗျာရေး၊ ဇာတ်ညွှန်းရေး၊ ဒါရိုက်တာအလုပ်မှာလည်း ထူးချွန်ပြောင်မြောက်သူဖြစ်လို့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ သူပဲဖြစ်ပါတယ်.....။

Photo credit - Aung Min Naing 's facebook account
Photo credit - Aung Min Naing 's facebook account

ကိုပေါက်က အများက အားကျနေရတဲ့ မိသားစုဘဝလေးကို အေးအတူ ပူအမျှအမြဲ မျှဝေခံစားပေးတက်တဲ့ ဇနီးချောလေးအပြင် သားသားလေး နှစ်ယောက်နဲ့အတူ တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ အမြဲ ပျော်ရွှင် ကြည်နှုးစရာတွေကိုပဲ ဖန်တီးနေတဲ့ ကိုပေါက်တို့ မိသားစုလေးက မကြာခဏဆိုသလိုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာလည်း တွေ့မြင်နေရတာမို့ ပရိသတ်တွေ အချစ်ပိုနေကြတာ အမှန်ပါပဲနော်......။

Photo credit - Aung Min Naing 's facebook account
Photo credit - Aung Min Naing 's facebook account

ကိုပေါက်က လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်။ အိမ်မှာနေရင် သူ အားလပ်တဲ့အချိန်လေးတွေမှာ ရိုက်ကူးထားတဲ့ ဟာသ Tiktok ဗီဒီယိုလေးတွေကို ပရိသတ်တွေဆီ မျှဝေပေးလျက်ရှိနေတာလည်းဖြစ်ပါတယ်။ ယနေ့မှာလည်း အခွီဟာသ ဗီဒီယိုလေးကို တင်ပေးလာတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ တနေ့တာရဲ့ အမောများပြေပျောက်စေဖို့ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်......။

Photo credit - Aung Min Naing 's facebook account
Photo credit - Aung Min Naing 's facebook account
Photo credit - Aung Min Naing 's facebook account

Photo credit - Aung Min Naing 's facebook account

Source - Aung Min Naing 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။