ပရိသတ်ကြီးရေ နှစ်လိုဖွယ်အပြုံးနဲ့ ဆွဲဆောင်မှုရှိပြီး ရိုးရှင်းကျက်သရေရှိတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားလို့ ပုရိသတွေအများဆုံးဝန်းရံခြင်းကို ရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ရတနာဗိုလ် ပဲဖြစ်ပါတယ်။ ရတနာဗိုလ်က သီချင်း MTVတွေနဲ့ ဗီဒီယိုဇာတ်ကားတွေကို ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်တက်တဲ့ ရတနာဗိုလ်ကို ပရိသတ်တွေက အားပေးချစ်ခင်နေတာလည်းဖြစ်ပါတယ်......။

Photo credit - Yadanar Bo's facebook account
Photo credit - Yadanar Bo's facebook account

ရတနာဗိုလ်က လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေနဲ့ Photo shooting တွေကို လက်ခံ ရိုက်ကူးနေပြီး သူမ အားလပ်တဲ့ အချိန်လေးတွေမှာ အမိုက်စားပုံရိပ်လေးတွေနဲ့ Tiktok ဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးနေတာပါနော်.။ ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက်လည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ လှုပ်ရှားမှုပုံရိပ်တိုင်းကို တင်ပေးလေ့ရှိနေတာလည်းဖြစ်ပါတယ်။ ယနေ့မှာတော့ ပြည်သူချစ်အနုပညာရှင် ရတနာဗိုလ်က ရုပ်ရှင်နှစ် (၁၀၀)ပြည့် ပွဲတော်ကို တက်ရောက်ခဲ့တဲ့ အကြောင်းကို တင်ပေးလာတာပဲဖြစ်ပါတယ်....။

Photo credit - Yadanar Bo's facebook account
Photo credit - Yadanar Bo's facebook account

ရိုးရှင်းလှပတဲ့ အနက်ရောင်ဖက်ရှင် မြန်မာဝတ်စုံလေးနဲ့ တက်ရောက်လာတဲ့ ရတနာဗိုလ်ရဲ့ ပုံရိပ်တိုင်းက ဆွဲဆောင်မှုရှိရှိလှနေတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ ကဲ ချစ်ရတဲ့ ပရိသတ်ကြီးကလည်း ရတနာဗိုလ်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်။ ဒါ့အပြင် သရုပ်ဆောင် မင်းသမီးချော ရတနာဗိုလ်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေက ဆက်လက်အားပေးလိုက်ဖို့ တောင်းဆိုလိုက်ပါတယ်နော်.....။ 

Photo credit - Yadanar Bo's facebook account
Photo credit - Yadanar Bo's facebook account

Photo credit - Yadanar Bo's facebook account  

Source - Yadanar Bo's facebook account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။