ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ဂရိရှေးဟောင်းနိုင်ငံတော် အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အစောဆုံး လူ့ယဉ်ကျေးမှု အချို့ဟာ ခရစ်တော် မပေါ်မီ နှစ် ၆၅၀၀ ဝန်းကျင်မှာ ထွန်းကားခဲ့ပြီး ထိုအချိန်မှာ လူသားတွေဟာ နေရာတစ်ခုမှာ စတင် အခြေချ နေထိုင်ခဲ့ကြတာပါ။ အဲ့လို အခြေချနေထိုင်တာက ကြီးမားသော မြို့ပြများကို ပေါ်ထွန်းစေခဲ့ပြီး သီးခြားနိုင်ငံများ ထူထောင်ရမယ့် အယူအဆများကိုလည်း ဆက်လက်ဖြစ်ပေါ်စေခဲ့ပါတယ်။ ကမ္ဘာ့သက်တမ်း အရှည်ကြာဆုံး နိုင်ငံများဟာ သက်တမ်းနှစ်ပေါင်း ထောင်ကျော်ရှိခဲ့ကြပြီဖြစ်ကာ အဲ့ထဲမှာ ဂရိနိုင်ငံတော်လည်း ပါဝင်နေပါတယ်။
ဂရိနိုင်ငံရဲ့ အလွန်ရှေးကျသော ခေတ်ကာလဟာ ဂန္ထဝင်ဂရိခေတ်ဖြစ်ပြီး ထိုခေတ်ဟာ ဂရိနိုင်ငံရဲ့ ခေတ်မီ အနောက်ပိုင်းယဉ်ကျေးမှုကို ဖြစ်ထွန်းစေခဲ့သော အထင်ရှားဆုံး ကာလ ဖြစ်ပါတယ်။ ဂရိ သမိုင်းမှာ ထိုကာလဟာ ဂရိအမှောင်ခေတ်များမှ ထွက်မြောက်ခဲ့သော ခရစ်တော်မပေါ်မီ နှစ် ၈၀၀ ဝန်းကျင်ဖြစ်ပြီး ထိုကာလမှာပဲ အနုပညာ၊ ကဗျာရေးသီမှု နှင့် နည်းပညာများ တိုးတက်ခဲ့ပါတယ်။ သို့သော် ဂရိသမိုင်းမှာ အရေးအကြီးဆုံး အချက်ဟာ ထိုကာလမှာ မြို့ပြနိုင်ငံများ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
ဂရိ ရှေးဟောင်းမြို့ပြများဟာ ဂရိနိုင်ငရဲ့ နိုင်ငံရေးစနစ်ကို နှစ်ရာပေါင်းများစွာ ပုံပေါ်စေခဲ့ပါတယ်။ ထိုခေတ်ကာလမှာကတည်းက ဂရိစာပေ အက္ခရာများကိုတီထွင်ခဲ့ကာ ဒီမိုကရေစီစနစ် ပုံစံများ အစောဆုံး ဖြစ်ထွန်းတိုးတက်ခဲ့ပါတယ်။ ရှေးဟောင်းဂရိနိုင်ငံနောက်ပိုင်းမှာ ရောမဂရိ၊ ဘိုင်ဇင်တိုင်းဂရိ၊ အော်တိုမန်ဂရိ နိုင်ငံတို့ပေါ်ထွန်းခဲ့ပြီး ၁၈၂၁ ခုနှစ်တွင် ဂရိတော်လှန်မှု ဖြစ်ပွားပြီး လက်ရှိ ဂရိနိုင်ငံတော် ပေါ်ထွန်းခဲ့တာ ဖြစ်ပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။