တစ်ခေတ်တစ်ခါက ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အခိုင်အမာ အားပေးမှုကို ရရှိထားသူကတော့ သရုအ်ဆောင် မင်းသမီး စိုးမြတ်ကလျာပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ရာတွင်မဟုတ်ဘဲ သီချင်းတွေကိုလည်း သီဆိုခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မလေးလို့ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ စိုးမြတ်ကလျာကတော့ စိုးညီအစ်မတွေထဲမှာ ဒုတိယမြောက် သမီးချောလေးပဲ ဖြစ်ပါတယ်။



သူမဟာ အနုပညာလောကနဲ့ ဆယ်စုနှစ်ကျော် ဝေးကွာနေပြီပဲဖြစ်ပြီး ပရိသတ်တွေကတော့ အမြဲအမှတ်ရနေဆဲပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စိုးမြတ်သူဇာကတော့ အနုပညာလောကထဲမှာ ထိပ်တန်းမင်းသမီးကြီးအဖြစ် ဦးဆောင်နေဆဲပဲဖြစ်ပြီး စိုးမြတ်နန္ဒာနဲ့ စိုးမြတ်ကလျာကတော့ စီးပွားရေးဘက်ကိုသာ ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။ မလေးရဲ့ သမီးလေးဟာလည်း အဒေါ်တွေ အားလုံးက ချစ်မဝနိုင်အောင် ဖြစ်နေကြတာပါ။



အခုမှာလည်း မလေးရဲ့ ပုံရိပ်လေးတွေကို လွမ်းနေတဲ့ ပရိသတ်ကြီးအတွက် သူမရဲ့ မိခင်ဖြစ်သူ အန်တီစိုးကြည်ဖြူက " မလေးပုံတွေကရှားလှတယ် " ဆိုပြီး ရေးသား ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ သူမဟာ အနေအေးလွန်းပြီး စိတ်သဘောထားလေးလည်း နူးညံ့သိမ်မွေ့လွန်းတာကြောင့် အားလုံးက ချစ်နေကြတာပါ။ ပရိသတ်တွေအတွက် စိုးမြတ်ကလျာရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Soe Kyi Phyu’s Facebook Accountq



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။