ပရိတ်သတ်ကြီးရေ..... ဗီဒီယိုဇာတ်ကားများ၊ကြော်ငြာများနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့တဲ့ စံရတီမိုးမြင့်ကိုသိကြတယ်မလား။သူမဟာ ကြည်လင်ဝင်းပပြီး ပြစ်မျိုးမှဲ့မထင်တဲ့အသားအရည်လေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဘာဝတ်ဝတ်လိုက်ဖက်ညီစွာ လှပလွန်းတဲ့ခန္ဓာကိုယ်လေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ စံရတီမိုးမြင့်ကို ပရိတ်သတ်တွေက ချစ်စနိုးနဲ့သဲသဲလို့ခေါ်ကြတာဖြစ်ပြီး သူမဟာလည်းတစ်နေ့တစ်ခြားပိုပြီး ချစ်စရာကောင်းနေတာပါ။
စံရတီမိုးမြင့်ဟာ အခုလက်ရှိမှာဆိုရင် အသက်၂၆နှစ်ပြည့်သွားပြီဖြစ်ပါတယ်နော်။ သူမရဲ့မွေးနေ့အမှတ်တရလေးကို မကြာသေးမီကFacebookစာမျက်နှာတွင် "မွေးနေ့မှာဆုတောင်းပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးပါ.. ဒီနှစ်ကတော့ အရင်နှစ်တွေကလိုကိုယ်တိုင်သွားအလှူမလုပ်ဖြစ်ခဲ့ပေမယ့် သဘာဝတရားရိပ်သာမှာ လှူခဲ့ပါတယ်.. တခြားလိုအပ်တဲ့မိသားစုတွေကိုလဲ လှူခဲ့ပါတယ်... ကုသိုလ်အားလုံးလဲထပ်တူထပိမျှရကြပါစေ.....။
ည၁၂နာရီအတိမှာ အိမ်နဲ့ပေါင်းပြီးမွေးနေ့ကိတ်လှလှလေး ပို့ပေးတဲ့ ရှောင်ကောကောရော.. သေချာလေး အသေးစိတ်က အစ လုပ်ပေးတဲ့ Phoo Angel Phoo ရော ကျေးဇူးပါ... မွေးနေ့ကိတ် သမီးအတွက်လုပ်ပေးတဲ့ အဖေ့ကိုလဲ ကျေးဇူးတင်ပါတယ်.. Dinner တူတူလိုက်စားပေးတဲ့ ချစ်သူငယ်ချင်း နှစ်ယောက်လဲကျေးဇူးပါ.. မွေးနေ့ Dinner အတွက် Decoration ရော Cake လေးပါ လုပ်ပေးတဲ့ Team Le Cellier ကိုရောကျေးဇူးပါ.. Birthday wish တွေအားလုံး သဲ ဖြည်းဖြည်းချင်း reply လုပ်သွားပေးမယ်နော်... အားလုံးကျေးဇူးပါ ချစ်တယ်" ဆိုပြီးရေးသားထားပါတယ်နော်။ ကဲ....ပရိတ်သတ်ကြီးအတွက် သဲသဲရဲ့ပုံလေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-San Yati Moe Myint's Facebook acc
Photo credit-San Yati Moe Myint's Facebook acc
Video Credit-San Yati Moe Myint's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။