ပရိတ်သတ်ကြီးရေ.....Miss Internationalတစ်ယောက်အနေနဲ့ ပရိတ်သတ်တွေစတင်သတိထားမိလာခဲ့တဲ့ တိုင်းရင်းသူလေးနန်းခင်ဇေယျာကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ Missတစ်ယောက်အနေနဲ့ စတင်ခဲ့ပြီး အခုဆိုရင်အနုပညာလုပ်ငန်းတွေကိုပါ ကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး ပရိတ်သတ်အားပေးလက်ခံတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။


နန်းခင်ဇေယျာဟာ အနုပညာအလုပ်တွေအပြင် ပရဟိတလုပ်ငန်းတွေကိုပါ အားတက်သရောလုပ်ဆောင်တတ်တဲ့သူလည်းဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ ခန္ဓာကိုယ်လှပဖို့အတွက် workoutလုပ်နည်းလေးတွေကိုလည်း ပရိတ်သတ်ကြီးအတွက် မျှဝေပေးနေတဲ့သူတစ်ယောက်ပါ။


နန်းခင်ဟာ အခုလက်ရှိမှာဆိုရင် မာလာရှမ်းကောနဲ့အသုပ်စုံဗန်းလည်းရောင်းချနေတာဖြစ်ပြီး သူမကိုယ်တိုင်လည်း orderတွေကိုလိုက်ပို့ပေးနေတာပါနော်။ မကြာသေးမီကလည်း သူမရဲ့ Facebook pageလေးမှာ နိုင်ငံခြားသားနှစ်ယောက်က သူမရဲ့ extra spicyမာလာရှမ်းကောကို ၅မိနစ်အတွင်းကုန်အောင်စားပြနေတဲ့ဗီဒီယိုလေးကို တင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်တွေအတွက် ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page
Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page
Video Credit-Nang Khin Zay Yar- နန်းခင်ဇေယျာ's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။