နှစ်လိုဖွယ်အပြုံးနဲ့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသားချော ကျော်ထက်ဇော်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ကျော်ထက်ဇော်က အကယ်ဒမီများရှင် မို့မို့မြင့်အောင်ရဲ့ တပည့်အရင်းဖြစ်ပြီး အနုပညာအမွေတွေကို လက်ဆင့်ကမ်းသယ်ယူထားတဲ့ သူလည်းဖြစ်ပါတယ်. ။ MRTV-4မှာ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေမှာ စတင်သရုပ်ဆောင်ရင်း တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို အခိုင်အမာ သိမ်းပိုက်ရယူထားနိုင်တဲ့ သူပါနော်....။

Photo credit -Kyaw Htet Zaw's facebook page
Photo credit -Kyaw Htet Zaw's facebook page

လတ်တလောမှာတော့ ကျော်ထက်ဇော်က "အချစ်ဖွဲ့ လေညင်း" ဇာတ်လမ်းတွဲလေးထဲမှာ မိုးသောက်ဦးနဲ့ ရောင်နီဦး နှစ်ကိုယ်ခွဲကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးက အချစ်ဇာတ်လမ်းတွဲလေးဖြစ်သလို လူ့လောကမှာဖြစ်ပျက်နေတဲ့ အကြောင်းတရားလေးတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေကလည်း အကြိုက်တွေ့နေမှာ အသေအချာပါပဲနော်.။ကျော်ထက်ဇော်က ရိုက်ကွင်းနောက်ကွယ်က အမှတ်တရ ပုံရိပ်လေးတွေကို သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ အမြဲဖော်ပြလေ့ရှိနေပြီး ယနေ့မှာတော့ ရှုတင်နားရက်လေးမှာ ရှမ်းပြည်နယ်၊ပင်းတယမြို့က ပင်းတယဈေးကို သွားရောက် လည်ပတ်ကာ မုန့်တွေစားနေတဲ့ ဗီဒီယိုလေးတစ်ခုကို တင်ပေးလာတာပဲဖြစ်ပါတယ်...။ 

Photo credit -Kyaw Htet Zaw's facebook page
Photo credit -Kyaw Htet Zaw's facebook page

ဈေးကလည်း အတန်အသင့်နဲ့ မုန့်တွေလည်း အများကြီးစားရလို့ ပျော်နေတဲ့အပြင် ပင်းတယမြို့က ဈေးသည်တွေကလည်း ဖော်ရွေလွန်းတာကြောင့် ကျော်ထက်ဇော်က " ဆရာလေးနဲ့ ပင်းတယ ဈေးနေ့အမှတ်တရ တစ်ပတ်မှာ တစ်ရက်ပဲကြုံခဲ့ရတဲ့ ဈေးနေ့လေးမို့လို့ ကျနော့်ဇော်ဂျီလေးတွေအတွက် အမှတ်တရလေး တင်ပေးလိုက်ပါတယ်ဗျ" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်.။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ ကျော်ထက်ဇော်ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။ 

Photo credit -Kyaw Htet Zaw's facebook page

Source & Photo credit -Kyaw Htet Zaw's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။