တက်သစ်စအနုပညာရှင်လေးတွေဖြစ်ကြတဲ့ ဘုန်းမင်းနေလနဲ့ ပိုင်အုပ်စိုးအောင်တို့နှစ်ယောက်ကတော့ ပရိသတ်တွေကြားမှာနာမည်ရအောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလကတော့ သရုပ်ဆောင်ခင်ဇာခြည်ကျော်ရဲ့သားလေးဖြစ်ပြီး မိခင်ဖြစ်သူရဲ့အနုပညာအမွေတွေကို ဆက်ခံထားတာ ဖြစ်ပါတယ်။ ဘုန်းမင်းနေလက အခုဆိုရင် ကြော်ငြာတွေရိုက်ကူးနေရတဲ့အပြင် သီချင်းဗီဒီယိုတွေမှာပါ ပါဝင်သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။
ချောမောခန့်ညားတဲ့ရုပ်ရည်လေးနဲ့ အမြဲတမ်းစတိုင်ကျကျဝတ်ဆင်တတ်တဲ့ ဘုန်းမင်းနေလက မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံအားပေးခြင်းခံထားရတာ ဖြစ်ပါတယ်။ အခုလည်း ဘုန်းမင်းနေလက သူငယ်ချင်းဖြစ်သူ ပိုင်အုပ်စိုးအောင်နဲ့ပေါင်းပြီး အမိုက်စား Tik Tok ဗီဒီယိုလေးတွေကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဘုန်းမင်းတို့သူငယ်ချင်းနှစ်ယောက်က အတွဲညီညီနဲ့အခွီပုံစံလေးတွေလုပ်ပြထားတာပဲ ဖြစ်ပါတယ်။
ဘုန်းမင်းနေလနဲ့ ပိုင်အုပ်စိုးအောင်တို့သူငယ်ချင်းနှစ်ယောက်က DJ တွေလိုစတိုင်အပြည်နဲ့ သီချင်းဖွင့်နေတဲ့ပုံစံလုပ်ပြီး သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ပျော်ပျော်ပါးပါး Tik Tok ကစားထားတဲ့ ဘုန်းမင်းတို့နှစ်ယောက်ကတော့ နှုတ်ခမ်းနီမလေးတွေကြွေရလောက်အောင် အမိုက်စားဖြစ်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘုန်းမင်းနေလနဲ့ ပိုင်အုပ်စိုးအောင်တို့ရဲ့Tik Tok ဗီဒီယိုလေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source & Video Credit-Phonemin Nay La's FB Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။