ပရိသတ်ကြီးရေ တချိန်က နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ် အားပေးကြတဲ့ သရုပ်ဆောင် မင်းသားချော ဇေရဲထက်ကတော့ ဗီဒီယို ဇာတ်ကားတွေအတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပဲ ဖြစ်ပါတယ်။ သူရဲ့ တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့အပြင် ဇာတ်ကားတွေကိုလည်း ဆက်တိုက်လက်ခံရိုက်ကူးခဲ့ရတဲ့ သူပဲဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ဇေရဲထက်က အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူရဲ့မိသားစုတွေနဲ့အတူ နွေးထွေးပျော်ရွှင်စွာ နေထိုင်နေတာလည်း ဖြစ်ပါတယ်......။
 
                        
                             
                        
                             
                        
                             
                        
                            အနုပညာလှုပ်ရှားမှုတွေ သိပ့်မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် သူရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ လှုပ်ရှားမှု ပုံရိပ်တိုင်းကို တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ်. ။ ယနေ့မှာလည်း ယခင်က ရိုက်ကူးခဲ့ရတဲ့ဗီဒီယိုဇာတ်ကားလေးတွေထဲက ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်...။ ပုံလေးတွေထဲမှာ ပြည့်ဖောင်းနေတဲ့ မျက်နှာလေးနဲ့ စတိုင်အပြည့်ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကိုလည်း တင်ပေးလါတာပါနော်။
 
                        
                             
                        
                             
                        
                             
                        
                             
                        
                            ဒါ့အပြင် " calenderတွေ အရမ်းရိုက်ခဲ့ calenderရိုက်လို့ရတဲ့ပိုက်ဆံလေးနဲ့ တက္ကစီခပေး videoတွေပြေးရိုက် ပြန်လာတော့ 7လွှာ တိုက်ခန်းသူငယ်ချင်းအိမ်ပေါ်တတ်နေ မောလိုက်တာ ပြန်စဉ်းစားကြည့်တော့ အရမ်းပင်ပန်းခဲ့တာကိုး ဒါပေမယ့်အခုချိန်မှာ ဒါတွေက အခုလိုအနေအထားတခုဖြစ်ဖို့ပဲလေ ရိုက်ရင်းရိုက်ရင်း ဝလာသော ကိုယ် ပြန်လျော့ယူရတာ ပင်ပန်း" ဆိုတဲ့ စာသားလေးကိုပါ ရေးသားထားပါသေးတယ်။ မင်းသားချော ဇေရဲထက်ရဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...... ။
 
                        
                             
                        
                             
                        
                             
                        
                             
                        
                             
                        
                            Source & Photo credit - Zay Ye Htet's facebook account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
    Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
    
 
               
               
               
					 
					 
              