ပရိတ်သတ်ကြီးရေ.....ဆွဲဆောင်မှုရှိပြီး ကျစ်လျစ်လှပတဲ့ဘော်ဒီအမိုက်စားလေးကို ပိုင်ဆိုင်ထားပြီးအမျိုးသားထုကြီးရဲ့အသည်းစွဲမင်းသမီးချောလေး သင်ဇာ၀င့်ကျော်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ခန္ဓာကိုယ်အချိုးအစားကိုအမြဲထိန်းသိမ်းနေလေ့ရှိသူဖြစ်ပြီး ဘော်ဒီအလှဆုံးဆယ်လီအနုပညာရှင်တွေထဲကတစ်ဦးဆိုလည်း မမှားပါဘူးနော်။ ဒါ့ပြင်သင်ဇာ၀င့်ကျော်ဟာ အနုပညာလောကမှာလည်းနှစ်ပေါင်းအတော်ကြာရပ်တည်နေသူတစ်ယောက်ဖြစ်ပြီး ဇာတ်ကားပေါင်းများစွာကိုလည်းရိုက်ကူးထားတာဖြစ်ပါတယ်။
သင်ဇာ၀င့်ကျော်ဟာ သရုပ်ဆောင်ပီပြင်မှုကြောင့်လည်း ရုပ်ရှင်ကားကြီးများပါရိုက်ကူးအောင်မြင်နေပြီး ပွဲအခမ်းအနားများကိုလည်းအများနဲ့မတူဆန်းသစ်လှပတဲ့ဖက်ရှင်တွေနဲ့ တက်ရောက်လေ့ရှိသူပါ။ ပရိတ်သတ်ကြီးလည်း သင်ဇာလေးကိုချစ်ခင်အားပေးကြတယ်မလား။
သင်ဇာလေးဟာ အခုလက်ရှိကာလမှာလည်း သူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီး လေ့ကျင့်ခန်းတွေကြိုးစားလုပ်နေတာပါ။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ ကျေးဇူးပါဆရာဆိုတဲ့captionလေးနဲ့ သူမကိုစနစ်တကျသင်ပေးတဲ့ ဆရာနဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Thinzar Wint Kyaw's Facebook acc
Photo credit-Thinzar Wint Kyaw's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။