ချစ်ခင်ပွန်းနဲ့အတူ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို အတူလျှောက်လှမ်းနေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုပဲ ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေကတော့ ချစ်စနိုးနဲ့ သုသုလို့ခေါ်ကြတာပဲဖြစ်ပြီး သဘာဝဆန်ဆန်သရုပ်ဆောင်မှုတွေကြောင့် အနုပညာရှင်များကပါ ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ သုသုဟာ ပြောင်မြောက်လွန်းတဲ့ အိုက်တင်တွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေလည်း ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Crd- Paing Phyoe Thu’s Facebook Account
Photo Crd- Paing Phyoe Thu’s Facebook Account
Photo Crd- Paing Phyoe Thu’s Facebook Account

ခင်ပွန်းသည်ရဲ့ တန်ဖိုးထားဂရုစိုက်မှုတွေကြောင့်လည်း သုသုတစ်ယောက် ကြည်နူးပျော်ရွှင်နေရတာလည်း ဖြစ်ပါတယ်။ သုသုတစ်ယောက် လတ်တလော Home Stay ကာလလေးမှာ အိမ်မှာနေရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေတာကြောင့် မနေ့ညက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Live လွှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း သုသုရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Paing Phyoe Thu’s Facebook Account
Photo Crd- Paing Phyoe Thu’s Facebook Account
Photo Crd- Paing Phyoe Thu’s Facebook Account

ဒါကတော့ ခြံထဲမှာခွေးလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေတဲ့ ပိုင်ဖြိုးသုရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ သုသုရဲ့ ပုံစံလေးဟာ ကလေးတစ်ယောက်လို အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် သုသုရဲ့ ဗီဒီယို လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Paing Phyoe Thu’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။