ပရိသတ်ကြီးရေ ထားဝယ်သူလေးဖြစ်တဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ MRTV -4မှာ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ သူပါနော်။ အခုနောက်ပိုင်းမှာလည်း ဝင့်ယမုံနိုင်က အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး ပရိသတ်တွေ အသိအမှတ်ပြု အားပေးခြင်းကို ခံရတဲ့ မင်းသမီးချောလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်..... ။
ဒါ့အပြင် ဝင့်ယမုံနိုင် က ကြော်ငြာတွေနဲ့ Photo shooting တွေကို ဆက်တိုက်ရိုက်ကူးနေပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း ကြိုးစားလုပ်ကိုင်နေတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ပွင့်လင်းစွာ ပြောဆိုဆက်ဆံတက်တဲ့ သူမက လူအများအပေါ်မှာလည်း ဖော်ရွေစွာပြုမှုတက်တာကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ အားပေးချစ်ခင်နေကြတာပါနော်။ ယခုလက်ရှိမှာတော့ ဝင့်ယမုံနိုင်က ကြော်ငြာတစ်ခုရိုက်ကူးရန်အတွက် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်.....။
မကြာသေးမီအချိန်က မိတ်ကပ်ဖန်တီးရှင် ညီညီမောင် စမ်းချောင်းက သူရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ " ဝင့်မယုံလှိုင် ကို ကြော်ငြာ တခု အတွက် သု ရဲ့ မိတ်ကပ် ဆံပင်ပြင်ဆင်မှုပါ " ဆိုတဲ့ စာသားလေးနဲ့အတူ မင်းသမီးချောလေး ဝင့်ယမုံနိုင်ရဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပါနော်။ ဘာဘီအရုပ်မလေးလို ချစ်စရာကောင်းတဲ့ ဝင့်ယမုံနိုင် ရဲ့ ပုံလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.. .....။
Source & Photo credit - Nyi Nyi Maung 's facebook account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။