ပရိသတ်ကြီးရေ.. MRTV-4 ဇာတ်ကားလေးတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲ အခိုင်အမာနေရာယူထားပြီး အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အသည်းကျော်အနုပညာရှင်တွေအဖြစ် လျှောက်လှမ်းနေကြသူတွေထဲမှာ မင်းသားချောလေး စည်သူဝင်းကလည်း အပါအဝင်ပါပဲ..။

ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး သရုပ်ဆောင်ကောင်းတဲ့အပြင် တည်ငြိမ်ခန့်ညားကာ ဆွဲဆောင်မှုရှိပြီး ယောကျ်ားပီသတဲ့ဟန်ပန်ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေကအမြဲ အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Sithu Win's FB Account
Photo Credit - Sithu Win's FB Account

ပျိုမဒီလေးတွေရဲ့ သည်းသည်းလှုပ်အချစ်တွေကို အများဆုံးရရှိထားတဲ့ မင်းသားချောလေး စည်သူဝင်ကတော့ သူ့ရဲ့အနုပညာလှုက်ရှားမှုလေးတွေကို ဝေမျှလေ့ရှိသလို အပျင်းပြေဆော့ကစားထားတဲ့ Tik Tok လေးတွေနဲ့ ပရိသတ်တွေကို သဘောကျစေသူပဲ ဖြစ်ပါတယ်နော်..။

အခုတစ်ခါမှာလည်း မင်းသားချောလေး စည်သူဝင်းတစ်ယောက် Tik Tok ဆော့ရင်း အလွဲလေးတွေဖြစ်လို့ စိတ်တိုနေရတဲ့ သူ့ရဲ့ အခွီဗီဒီယိုလေးတွေကို ပရိသတ်တွေကို ဝေမျှလိုက်ပြန်ပါတယ်နော်..။

Photo Credit - Sithu Win's FB Account
Photo Credit - Sithu Win's FB Account

"TikTokနဲ့တိုင်ပတ်ခြင်း

ရပြီလည်းဆိုရော မီးကပျက်သွားတယ်.." ဆိုပြီး အလွဲများနဲ့ သူ့ရဲ့ Tik Tok ဗီဒီယိုဖိုင်လေးတွေကို ဝေမျှထားတာဖြစ်ပြီး အလွဲလေးတွေနဲ့ သူ့ရဲ့ Tik Tok လေးတွေကိုလည်း ပရိသတ်တွေက သဘောကျနေကြပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. မင်းသားချောလေး စည်သူဝင်းလို့ Tik Tok ဆော့ရင်း အလွဲလေးတွေနဲ့ တိုင်ပတ်ခဲ့ရတဲ့ အမှတ်တရလေးတွေရှိရင် Comment လေးတွေမှာ ပြောသွားကြပါဦးနော်..။

Photo Credit - Sithu Win's FB Account
Photo Credit - Sithu Win's FB Account

Source & Photo Credit - Sithu Win's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။