တိုင်ရွန်ကတော့ မိန်းမလှလေးတွေ သည်းသည်းလှုပ်အားပေးဝန်းရံခြင်းခံနေရတဲ့ မင်းသားချောလေးဖြစ်ပါတယ် ။တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာကာ သူရဲ့အမာခံပရိသတ်တွေကလည်း တိုင်ရွန်အပေါ် အချစ်မလျော့သွားပဲ ပိုပိုချစ်လာတာတွေ့ရပါတယ်။ရိုက်ကူးရေးတွေနဲ့ မအားလပ်ရအောင် အလုပ်တွေကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး သူရဲ့ ရုပ်ရှင်ကားကြီးတွေဟာဆိုရင်လည်း ပရိသတ်တွေ သည်းသည်းလှုပ်အားပေးခဲ့ကြတာတွေ့ရပါတယ်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

တက်တူးအမိုက်စားနဲ့ အမြဲဖက်ရှင်ကျနေတတ်တာလေးကတော့ တိုင်ရွန်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အချက်တစ်ချက်ပဲဖြစ်ပါတယ်။တက်တူးအပြည့်နဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။လတ်တလောမှာလည်း သူရဲ့ tik tok ဗီဒီယိုလေးတွေနဲ့ ကောင်မလေးတွေကို ကြွေစေပြန်တာတွေ့ရပါတယ်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

ဗီဒီယိုလေးတွေတိုင်းမှာ တိုင်ရွန်တစ်ယောက် ချစ်ဖို့ကောင်းလွန်းနေတာကြောင့် ကောင်မလေးတွေ သည်းသည်းလှုပ်အားပေးလျက်ရှိတာလည်းတွေ့ရပါတယ်။အတိုင်ရဲ့ ဗီဒီယိုလေးတွေဟာဆိုရင်လည်း အွန်လိုင်းမှာရေပန်းစားလူကြိုက်များနေတာလည်းဖြစ်ပါတယ်။တိုင်ရွန်ပရိသတ်ကြီးတွေတွက် သူရဲ့ အလန်းစား ဗီဒီယိုလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

Source & Photo Credit : Tyron Bejay Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။