ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှငသ်တွေထဲမှာ MRTV-4 မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ ကျော့ရှင်းပြီး ချစ်စရာကောင်းလွန်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်..။

ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာ ရိုက်ကူးထားပြီး ပရိသတ်တွေရင်ထဲနေရာယူထားတဲ့ မင်းသမီးချောလေး သံသာမိုးသိမ်က့ကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်လေးတစ်ယောက်ဖြစ်သလို ပွင့်လင်းတဲ့ သူမရဲ့ပင်ကိုယ် ဟန်ပန်ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာပါ..။

Photo Credit - A Linn Young Photography
Photo Credit - A Linn Young Photography
Photo Credit - A Linn Young Photography

ချစ်စရာကောင်းလွန်းတဲ့ ပြည်သူ့အသည်းကျော်လေး သံသာမိုးသိမ့်ကတော့ “ကျွန်ကမဟေသီ” ဇာတ်ကားမှာ ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့တခဲနက်အားပေးမှုတွေရရှိခဲ့ပြီး လတ်တလောမှာ ထုတ်လွှင့်ပြသနေတဲ့ “ အချစ်ဖွဲ့လေညင်း” ဇာတ်ကားမှာလည်း အားလုံးရဲ့အချစ်တွေကို ထပ်မံသိမ်းပိုက်ထားပြန်ပါတယ်နော်..။

မေပျိုဖြူဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ ချစ်စရာကောင်းစွာ မြင်တွေ့ရတဲ့ ပရိသတ်အချစ်တော်လေး သူမကတော့ အခုတစ်ခါမှာလည်း ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ကျော့ရှင်းစွာ လှသွေးကြွယ်နေပြန်ပါတယ်နော်..။

Photo Credit - A Linn Young Photography
Photo Credit - A Linn Young Photography
Photo Credit - A Linn Young Photography

အေးချမ်းပြီးကျော့ရှင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ ရွှေနန်းတော်အတွက် ကြော်ငြာလေး ရိုက်ကူးပေးထားတာဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ပုံရိပ်လေးတွေကြောင့်လည်း အားလုံးကို သဘောကျအချစ်ပိုစေပြန်ပါတယ်နော်..။

အခုတစ်ခါမှာတော့ ချစ်ရတဲ့ ပရိသတ်ကြီးတို့အတွက် မေပျိုဖြူလေးလို့ ပရိသတ်အသည်းထဲနေရာယူထားတဲ့ မင်းသမီးချောလေးသံသာမိုးသိမ့်ရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - A Linn Young Photography
Photo Credit - A Linn Young Photography

Source & Photo Credit – Than Thar Moe Theint’s Fb Account & A Linn Young Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။